Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NUG၊ PDF တို့သည် ပါတီနှင့်မသက်ဆိုင်ကြောင်း တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့ဟု ဒေါ်စန္ဒာမင်းဆို၊ သံတမန်များနှင့် ဆက်တိုက်တွေ့ခွင့်ပေးမည်ဟု မျှော်လင့်

မျိုးကြီး (NSS) - ဇူလိုင် ၁၂

NUG၊ PDF တို့သည် ပါတီနှင့်မသက်ဆိုင်ကြောင်း တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုမှုများရှိခဲ့ကြောင်း NLD ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သူ ဒေါ်စန္ဒာမင်းက NP News ကို ပြောသည်။ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းသည် ပြီးခဲ့သော ဇူလိုင်လ ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် PDF ၊ NUG အဖွဲ့တို့ကို မထောက်ခံသကဲ့သို့ အသိအမှတ်မပြုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပြောဆိုခဲ့သည်ဟု နိုင်ငံတကာမီဒီယာများက ဖော်ပြလျက်ရှိသည်။

“ကျွန်မ သိရသလောက်ကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာတွေ့တာကတော့ အမှန်ပဲပေါ့နော်။ ဒီသံတမန်လာတွေ့တာက အမှန်ပဲဖြစ်တယ်။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာ သည် အမှန်ပဲလို့ ကျွန်မက သုံးသပ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သူ့ကိုသွားတွေ့တုန်းကလည်း ကျွန်မတို့ကတော့ ပါတီရဲ့ ရပ်တည်ချက်တွေ၊ ရပ်တည်နေရတဲ့ အခြေအနေတွေ နောက်ပြီးတော့ ပါတီအကြောင်းတွေကို အစကနေ အဆုံးထိ ကျွန်မသူ့ကိုပြည့်ပြည့်စုံစုံ ပြောပြနိုင်ခဲ့တယ်။ ပြောတဲ့အချိန်မှာ သူပြောလိုက်တဲ့ဟာကလည်း ဒီအဓိပ္ပာယ်နဲ့အတူတူပါပဲ။ ဘာလဲဆိုတော့ ပါတီမူဝါဒ အတိုင်းပဲ ဆက်နေပါဆိုပြီးတော့ ကျွန်မတို့ကို ပြောခဲ့တယ်။ အဲဒီတော့ ဆိုလိုချင်တာက သူဟာ ဒီပါတီမူဝါဒကို အလေး ထားတယ်လို့ ကျွန်မတို့ သဘောပေါက်လိုက်တယ်”ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားခွင်၌ NUG၊ PDF တို့ကို သူမအနေဖြင့် မသိကြောင်းနှင့် ပါတီနှင့်လည်း မသက်ဆိုင်ကြောင်း တရားဝင်ပြောဆိုခဲ့မှုများရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထား သည်။

“နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က သူတရားခွင်မှာလည်း ဖြေကြားတဲ့အထဲမှာ တရားဝင်ပဲ သူပြောထားတာလေ။ တရားခွင်မှာ သူဘာပြောခဲ့လဲဆိုတော့ NUG တို့၊ PDF တို့ကို သူ မသိပါဘူး။ ပါတီနဲ့လည်း မသက်ဆိုင်ပါဘူးဆိုတာ တရားခွင်မှာ တရားဝင်ပဲ ပြောကြားခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီတော့ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က စကားအမျိုးမျိုး ပြောတတ်တဲ့သူလည်း မဟုတ်ဘူးလေ” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးခံခဲ့ရကာ အမှုများစွာဖြင့် တရားစွဲထောင်ချခံခဲ့ရသည်။

အကျဉ်းထောင်အတွင်းသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ NLD ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းသည်လည်း သွားရောက်တွေ့ဆုံမှုများ ရှိခဲ့ဖူးသည်။

“အဲဒီတော့ အခုဆိုရင် ထားပါတော့။ ကျွန်မတို့ သွားတွေ့တယ်ပဲ ဆိုဆို၊ နစကဘက်က သွားတွေ့တယ်ပဲဖြစ်ဖြစ်၊ ဘယ်သူတွေပဲ သွားတွေ့တယ်ဖြစ်ဖြစ် ဒီလိုထုတ်ပြန်ချက်တွေ ထုတ်နေရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မိုလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လာတွေ့တယ်ဆိုတာကတော့ အများသူငှာ ယုံကြည်လောက်တယ်ထင်တဲ့ သံတမန်ပေါ့နော်။ ဒီသံတမန်ကနေ ကြေညာခြင်းကတော့ ကျွန်မတို့အနေနဲ့ ယုံကြည်ရတယ်လို့ ထင်ပါတယ်”ဟု ဒေါ်စန္ဒာမင်းက ဆက်လက်ပြောဆိုထားသည်။

ထို့ပြင် နစကအနေဖြင့်လည်း ထပ်မံလာရောက်နိုင်သည့် နိုင်ငံတကာသံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည်အား ဆက်တိုက်တွေ့ဆုံခွင့်ပေးမည်ဟု မျှော်လင့်နေကြောင်း ၎င်းက ထပ်မံပြောဆိုထားသည်။

“နောက်တစ်ခုက အခုလို ပေးတွေ့ခဲ့ရတဲ့သူတွေကလည်း သူတွေ့ဆုံခဲ့ရတဲ့အတိုင်းပဲ သူ့ရဲ့ဂုဏ်သိက္ခာအရ သူဒီအတိုင်းပဲ ကြေညာမယ်လို့ ကျွန်မတို့ ယုံပါတယ်။ ဒါကြောင့်မိုလို့ ကျွန်မ ထင်တယ်။ နစကအနေနဲ့တော့ နောက်ထပ်လာမယ့် သံတမန်တွေကိုလည်း ဆက်တိုက်ပေးတွေ့အုံးမယ်လို့ ကျွန်မ မျှော်လင့်နေပါတယ်။ ဒါကြောင့်မိုလို့ သံတမန်တွေကလည်း သူတို့ ရဲ့ ဂုဏ်သိက္ခာအရ မှန်ကန်တဲ့ ကြေညာချက်တွေကိုလည်း ကြေညာပေးလိမ့်မယ်လို့ ထင်ပါတယ်” ဟု NLD ပါတီမှ ဒေါ်စန္ဒာမင်းက ပြောဆိုထားသည်။

ထို့ပြင် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်ရေးကို တောက်လျှောက်စွဲကိုင်လာသူတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုထားသည်။

“သူရဲ့ စွဲကိုင်ချက်က တစ်လျှောက်လုံးပြောတာပဲလေ အကြမ်းမဖက်ရေးဆိုတာကို ပြောလာတာကို။ အကျဉ်းချခံရပြီးမှ အကြမ်းဖက်တဲ့ ဘက်ကိုပါသွားပြန်ရင် သူ့ရဲ့ ရပ်တည်ချက်က ပြောင်းပြန်ဖြစ်သွားနိုင်တာပဲလေ။ မာန်အောင်မှာ ခင်များတို့ ကြားလိုက်မှာပေါ့။ မာန်အောင်မြို့နယ်က ဆိုလာပါဝါဖွင့်ပွဲ အခမ်းအနားမှာလေ နိုင်ငံရေးအားဖြင့် လက်ရှိအခင်းအကျင်းကို ဖြတ်သန်းဖို့။ လက်နက်ကိုင်တယ်ဆိုတာ သတ္တိမရှိတဲ့သူတွေ ဆိုတာမျိုး အဲဒီပုံစံနဲ့ သုံးခဲ့တာပဲလေ။ အဲဒီကာလကလည်း AA နဲ့ မြန်မာ့တပ်မတော်က ထိပ်တိုက်ကြီးကြီးမားမား သွေးမြေကျနေတာကို။ ဆိုတော့ အဲဒီကာလမှာလည်းပဲ နိုင်ငံရေး နည်းနဲ့ အဖြေရှာတဲ့ဟာပဲ အဓိကဖြစ်တယ်ဆိုတာကို သူ့ရပ်တည်ချက်ကို ပြောတာပဲလေ။ သူတစ်လျှောက်လုံး အဲဒီလို ရပ်တည်ပါတယ်ဆိုတာကို သူ့ဘက်က သက်သေပြဖို့ လိုတာပေါ့။ ကျွန်တော်ထင်တယ်။ လက်ရှိအနေအထားမှာလည်း သူသည် အကြမ်းမဖက်တဲ့နည်းပဲ ရပ်တည်ပါတယ်ဆိုတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုလည်း ပြောနိုင်တယ်လို့ပဲ သုံးသပ်ရမှာပါ” ဟု ဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း(၁၉)မှုဖြင့် ထောင်ဒဏ် (၃၃)နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး နေပြည်တော်ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံရလျက်ရှိသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ လက်နက်ကိုင်ပဋိပက္ခများစွာ ဖြစ်ပေါ်လျက်ရှိပြီး သံဃာတော်၊ ဆရာ/ဆရာမ၊ နိုင်ငံ့ဝန် ထမ်းများအပါအဝင် အရပ်သားပြည်သူ (၆၀၀၀)ကျော် အကြမ်းဖက်သတ်ဖြတ်ခြင်း ခံထားရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NUG အဖွဲ့နဲ့ PDF လက်နက်ကိုင်အဖွဲ့ကို အသိအမှတ်မပြုသလို မထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved