မြွေပွေးနှင့် မြွေဟောက်အကောင်(၂၀၀၀)နီးပါးကို ဝယ်ယူလိုကြောင်း နစကဝန်ကြီးဌာနဖိတ်ခေါ်
NSS - ဇူလိုင် ၁ဝ
မြွေပွေးနှင့် မြွေဟောက် အကောင်(၂၀၀၀)နီးပါးကို ဝယ်ယူလိုကြောင်း နစက၏ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အင်းစိန်ဆေးဝါးစက်ရုံက ဖိတ်ခေါ်ထားသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)မှ ယနေ့ (ဇူလိုင်လ ၁ဝ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
အဆိုပါ မြွေများကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းရှိ ဆေးဝါးစက်ရုံ မှ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့မှ မြွေပွေးအကောင်(၁၂၀၀)နှင့် မြွေဟောက်အကောင်(၄၀၀)တို့ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆိုထားသည်။
အဆိုပါ မြွေများသည် တစ်ကောင်လျှင်(၅၀)ကျပ်သားနှင့်အထက်ရှိရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
၎င်းတို့အနေဖြင့် မြွေပွေးတစ်ကောင်လျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြွေဟောက်တစ်ကောင်လျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဝယ်ယူသွားမည်ဖြစ်ပြီး စက်ရုံအရောက်ပေးပို့ရန် အသိပေးပြောဆိုထားသည်။
ထို့ပြင် ရောင်းချလိုသည့် အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေ အမျိုးအစားခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့်မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Beivalent မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဝေးလံခေါင်ဖျားဒေသများ နှင့် ကျေးလက်များသို့ မြွေဆိပ်ဖြေဆေးများ ပေးပို့အသုံးပြုရာ၌ အဆင်ပြေစေရန်အတွက် မြွေဆိပ်ဖြေဆေးရည်သာမက သာမန် အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည့် အေးခဲခြောက်ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချီပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် မြွေပေါများသည့် ဒေသများဖြစ်ပြီး အဆိုပါဒေသများအတွင်းရှိ ဆေးရုံများနှင့် ဝေးကွာသော နေရာများ၌ မြွေဆိပ်ဖြေဆေးအခက်အခဲများရှိနေခြင်းကြောင့် မြွေကိုက်ခံရပြီး သေဆုံးခဲ့ရသူများလည်း ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ထားပေမယ့် BRICS ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမယ်
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ