Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ထားပေမယ့် BRICS ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမယ်

ဂျန်ဇက် (NSS) - ဇူလိုင် ၁ဝ

ရုရှားသမ္မတပူတင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားပေမယ့် လာမယ့်လမှာ ကျင်းပမယ့်  BRICS ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်များကြား လူချင်းတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း တောင်အာဖရိကသမ္မတက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တောင်အာဖရိကသမ္မတ ခရိုင်ရာမာဖိုဆာက ၎င်းအနေနဲ့ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ ရုရှားသမ္မတ ပူတင်ကို ဖိတ်ကြားထားကြောင်း ပြောပါတယ်။ တောင်အာဖရိကနိုင်ငံဟာ လက်ရှိအချိန်မှာ BRICS အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရမှာ ဖြစ်ပါတယ်။ 

တောင်အာဖရိကသမ္မတက "ထိပ်သီးအစည်းအဝေးကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားမှာပါ။ ထိပ်သီးအစည်း အဝေးကျင်းပမယ့်အစီအစဉ်တွေကို အပြီးသတ်ဆွေးနွေးထားတယ်။ ထိပ်သီးအစည်းဝေးမှာ ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံ ဆွေးနွေးမှာပါ" လို့ ပြောပါတယ်။ 

ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရုရှားသမ္မတပူတင်ကို ဖိတ်ကြားထားပေမယ့် တက်ရောက်ခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို အတိအကျမသိသေးကြောင်း တောင်အာဖရိက သမ္မတက ပြောပါတယ်။ ယူကရိန်းကလေးတွေကို ရုရှားနိုင်ငံထံ ပို့ဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရပါတယ်။ 

BRICS အဖွဲ့ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဦးဆောင်ဖွဲ့စည်းထားပြီး အိန္ဒိယ၊ ဘရာဇီး နဲ့ တောင်အာဖရိကနိုင်ငံတို့ ပါဝင်လျက်ရှိနေရာ အမေရိကန် နဲ့ ဥရောပသမဂ္ဂအဖွဲ့တို့ကို စိန်ခေါ်မယ့်အဖွဲ့အဖြစ် သတ်မှတ်ခံထားရပါတယ်။ 

တောင်အာဖရိကနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်တရားရုံးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ရုရှားသမ္မတပူတင် တောင်အာဖရိကနိုင်ငံကို ရောက်ရှိလာမယ်ဆိုရင် ဖမ်းဆီးရဖွယ်ရှိနေပါတယ်။ တောင်အာဖရိကသမ္မတက "လာမယ့် ထိပ်သီးအစည်းအဝေးကို အွန်လိုင်းက လုပ်မှာမဟုတ်ဘူး။ ခေါင်းဆောင်တွေအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမှာပါ။ ခေါင်းဆောင်တွေအချင်းချင်း မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှု မရှိတာ သုံးနှစ်ကြာနေပြီ။ ဒါကြောင့် လာမယ့်ထိပ်သီးအစည်းအဝေးကို ခေါင်းဆောင်တွေကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတာပါ" လို့ ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရခိုင်ပြည်နယ်သို့ မျိုးစပါးတင်းပေါင်း (၇)သောင်းကျော်ရောက်ရှိပြီးဖြစ်ကာ ရာသီချိန်အမီ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved