ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်ရှင်ထွက်ပြေးသွားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို မြန်မာသံရုံး ကယ်တင်
စော (NSS) - ဇူလိုင် ၉
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခုသည် လုပ်ငန်းဖျက်သိမ်းခံရပြီး အလုပ်ရှင်ထွက်ပြေးသွားသဖြင့် အခက်အခဲများ ကြုံတွေ့နေသည့် မြန်မာနိုင်ငံသား (၂၃)ဦး ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မနီလာမြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဇူလိုင်လ ၉ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ်၊ မာဘလာကတ်မြို့တွင် အွန်လိုင်းဂိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုသည် လုပ်ငန်းဖျက်သိမ်းခံရခြင်းကြောင့် အလုပ်ရှင်ဖြစ်သူသည် ထွက်ပြေးသွားကြောင်း သိရသည်။
ထို့ကြောင့် ကာယကံရှင်များ၏ သတင်းပေးပို့ချက်အရ အခက်အခဲများကြုံတွေ့နေရသည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား(၂၃)ဦးလည်း ပါဝင်နေကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းတို့အား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးနိုင်ရန်နှင့် ဒဏ်ကြေးငွေများ ကင်းလွတ်ခွင့်ရရှိရေးအတွက် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီး ကြပ်ရေးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ပေးခဲ့ရာ အမျိုးသား (၆)ဦး နှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၂၂)ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဇူလိုင်လ(၈)ရက်၊ ညပိုင်း၌ မနီလာမြို့ရှိ နီနွိုင်းအကွီနိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် မြန်မာနိုင်ငံသား (၁)ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေးကိစ္စများ ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံသို့ ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုများကို ဂျာမနီအစိုးရ ဟန့်တားသွားဖို့ စီစဉ်နေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း