ယူကရိန်းနိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းမှုများကို ဂျာမနီအစိုးရ ဟန့်တားသွားဖို့ စီစဉ်နေ
ဂျန်ဇက် (NSS) - ဇူလိုင် ၉
ဂျာမနီနိုင်ငံဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့ ခွင့်မပြုရေးကို လာမယ့်ထိပ်သီးအစည်းအဝေးအတွင်း တင်ပြသွားဖွယ်ရှိနေကြောင်း ဗြိတိန်အခြေစိုက် The Telegraph ကဖော်ပြထားပါတယ်။
ဂျာမနီဟာ ဇူလိုင်လ ၁၁ ရက် နဲ့ ၁၂ ရက်တို့မှာ လစ်သူယေးနီးယားနိုင်ငံမှာကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးအတွင်း ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ်လက်မခံဖို့ တောင်းဆိုသွားဖွယ်ရှိနေတယ်လို့ နေတိုးအဖွဲ့နဲ့ နီးစပ်သူများကပြောပါတယ်။ ဂျာမနီအစိုးရက နေတိုးအဖွဲ့ဟာ ယူကရိန်းကို လုံခြုံရေးအကူအညီများပေးဖို့သာ အာရုံစိုက်သင့်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခွင့်မပြုရေး လိုလားနေကြောင်းသိရပါတယ်။ ဂျာမနီဟာ ရုရှားနိုင်ငံ နဲ့ နေတိုးအုပ်စုကြား စစ်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ်လက်မခံဖို့ လိုလားနေခြင်းဖြစ်ပါတယ်။ ရုရှားအစိုးရတာဝန်ရှိသူများကလည်း ယူကရိန်းရဲ့နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းမှုတွေကို တားဆီးသွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။
နေတိုးအဖွဲ့ နဲ့ နီးစပ်တဲ့သံတမန်က "ဂျာမနီအစိုးရဟာ ရုရှားသမ္မတပူတင်နဲ့ စစ်ပွဲဖြစ်မှာမလိုလားဘူး၊ ဒါကြောင့် ဂျာမနီဟာ ယူကရိန်းကို နေတိုးအဖွဲ့ဝင် နိုင်ငံအဖြစ်လက်မခံဖို့ တားဆီးသွားဖွယ်ရှိနေပါတယ်" လို့ပြောပါတယ်။
ယူကရိန်းဟာ ၂ဝ၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ရုရှားနဲ့ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာလမှာ နေတိုးအုပ်စုဝင်နိုင်ငံဖြစ်လာစေဖို့ စတင်လျှောက်ထားခဲ့ကြောင်းသိရပါတယ်။ နေတိုးအဖွဲ့ အထွေထွေအတွင်း ရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က နေတိုးအုပ်စုဟာ ယူကရိန်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ရေးကြိုးပမ်းချက်ကိုအသိမှတ်ပြုပေမယ့် လက်ရှိအချိန်မှာ ယူကရိန်းကို အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံပေးဖို့ အဆင့်သင့်မဖြစ်သေးကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက သူ့အနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် နေတိုးထိပ်သီးအစည်း အဝေးကိုတက်ရောက်ဖို့ ဖိတ်စာကို လက်ခံရရှိမယ်လို့မျှော်လင့်ထားကြောင်း ပြောပါတယ်။ နေတိုးအဖွဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဂျန်စတိုတန်ဘတ်ချ်က ယူကရိန်းသမ္မတ ဇီလန်စကီးကို ထိပ်သီးအစည်းအဝေးကို တရားဝင်တက်ခွင့်ရရေး ဆွေးနွေးမှာမဟုတ်ဘဲ နေတိုးအဖွဲ့နဲ့ ယူကရိန်းနိုင်ငံကြား ပိုမိုနီးကပ်ရေးကိုသာဆွေးနွေးမှာဖြစ်ကြောင်းပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါရာဂွေး ရွေးကောက်ခံ သမ္မတလောင်း ဆန်တီယာဂိုပီနာ ထိုင်ဝမ်သို့ အလည်သွားမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း