ပါရာဂွေး ရွေးကောက်ခံ သမ္မတလောင်း ဆန်တီယာဂိုပီနာ ထိုင်ဝမ်သို့ အလည်သွားမည်
ရောင်နီ (NSS) - ဇူလိုင် ၉
ပါရာဂွေး ရွေးကောက်ခံသမ္မတလောင်း ဆန်တီယာဂို ပီနာဟာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်ကို သံတမန်ဆက်ဆံရေး ၆၆ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် အလည်အပတ်သွားရောက်မှာဖြစ်ပြီး မိတ်ဆွေကောင်း သမ္မတ ဆိုင်အင်ဝမ် နဲ့ တွေ့ဆုံသွားမယ်လို့ ဇူလိုင်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပါရာဂွေးဟာ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေးရှိတဲ့ တောင်အမေရိကနိုင်ငံ တစ်ခုဖြစ်ပါတယ်။ တရုတ်က ၎င်းပိုင်နယ်မြေအဖြစ် အခိုင်အမာ ဆိုထားတဲ့ ထိုင်ဝမ်ဟာ အမေရိကအလယ်ပိုင်း၊ ကာရေဘီယံနဲ့ ပစိဖိတ်ဒေသရှိ ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံအများစုနဲ့ တရားဝင်သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပါတယ်။ ပီနာက ထိုင်ဝမ်ကို ၎င်းအလည်အပတ် သွားရောက်ပြီး ပါရာဂွေးအတွက် ကြီးကျယ်ခမ်းနားတဲ့ သတင်းစကားတွေ သယ်ဆောင်လာနိုင်မယ့် နိုင်ငံတကာ အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်သွားမယ်လို့ ၎င်းရဲ့ တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ပီနာဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ထိုင်ဝမ်နဲ့ ချစ်ကြည်ရင်းနှီးမှု ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပီနာရဲ့ လာမယ့် အင်္ဂါနေ့(ဇူလိုင်လ ၁၁ ရက်) မှ စနေနေ့ (ဇူလိုင်လ ၁၅ ရက်) ထိ ရှည်ကြာမယ့် အလည်အပတ်ခရီးမှာ လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒုတိယသမ္မတ ဝီလီယံလိုင်၊ စီးပွားရေးဝန်ကြီး ဝမ်မိုင်ဟူနဲ့လည်း တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။
ပီနာဟာ လာမယ့် သြဂုတ်လ ၁၅ ရက်မှာ ၎င်းရွေးကောက်ခံထားရတဲ့ သမ္မတရာထူးကို စတင်တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်နေသူများအတွက် EU က ယူရို(၄)သန်းခွဲကူညီထောက်ပံ့မည်ဟုဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း