မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်နေသူများအတွက် EU က ယူရို(၄)သန်းခွဲကူညီထောက်ပံ့မည်ဟုဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၉
ဥရောပသမဂ္ဂ EU ဟာ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများအတွက် ယူရို ၄ ဒသမ ၅ သန်း ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
EU ဟာ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို ယူရို ၁၂ ဒသမ ၅ သန်း ကူညီပေးသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင် ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် အခက်အခဲများရှိနေချိန်မှာပဲ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူဦးရေများလာခဲ့ကြောင်းသိရပါတယ်။EU ဟာ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများအတွက် အစားအစာနဲ့ကျန်း မာရေးစောင့်ရှောက်နိုင်ဖို့ရည်ရွယ်ပြီး ယူရို ၄ ဒသမ ၅သန်းကူညီပေးသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံများကို နေရပ်စွန့်ခွာပြီး သွားရောက်နေထိုင်နေသူဦးရေ ၉ဝဝဝဝ ကျော်ရှိနေကြောင်းသိရပါတယ်။ အာဏာရယူမှုဖြစ်ပွားမှုအပြင် မိုခါမုန်တိုင်းတို့ကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေတဲ့အရေအတွက်ဟာ (၁၈) သန်းနီးပါးရှိနေကြောင်းသိရပါတယ်။ မေလ ၁၄ ရက်မှာ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ EU ဟာ မြန်မာနိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့အတွက် ယူရို ၂ ဒသမ ၅ သန်း ကနဦးကူညီလှူဒါန်းပေးခဲ့ကြောင်းသိရပါတယ်။
EU ဟာ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို ၁၉၉၄ ခုနှစ်နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ ကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်းသိရပါတယ်။ မိုခါမုန်တိုင်းတိုက် ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသူများကို ကုလသမဂ္ဂ၊ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့အစည်းများက လူသားချင်းဆိုင်ရာစာနာမှုအကူအ ညီများပေးပို့ကူညီခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ် (၃)လတာကာလအတွင်း အဝတ်အထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၈၀၀)ကျော် ရရှိထား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း