ဆာဆာကာဝါ၏ နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့က တိုက်ခိုက်ထိုးနှက်နေမှုအပေါ် EAO (၇)ဖွဲ့ ကန့်ကွက်ရှုတ်ချ
မျိုးကြီး (NSS) - ဇူလိုင် ၅
ဆာဆာကာဝါ၏ နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့က တိုက်ခိုက်ထိုးနှက်နေမှုအပေါ် NCA လက်မှတ်ထိုးသော EAO (၇)ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာလိုက်သည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)သည် ယနေ့(ဇူလိုင်လ ၅ ရက်)တွင် အထက်ပါကဲ့သို့ ထည့်သွင်းကာ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါကို တာဝန်ပေးထားကြောင်း သိရသည်။
၎င်းအပေါ် EAO (၇)ဖွဲ့က ထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မစ္စတာဆာဆာကာဝါ ဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းများ ထောက်ပံ့ခြင်း၊ စာသင်ကျောင်းများထောက်ပံ့ခြင်းနှင့် ဆေးရုံများကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။
ထို့ပြင် လူသားချင်စာနာမှုအကူအညီများတွင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း၌ NCA-S EAO (၇)ဖွဲ့၏ နယ်မြေများထဲတွင် အခြေခံရိက္ခာဆန်အိတ်ရေ (၆၄ဝဝဝ) ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယခု ၂ဝ၂၃-၂ဝ၂၄ ခုနှစ်တွင်လည်း ဆန်အိတ်များ ဆက်လက်ဖြန့်ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယခင်အစိုးရအဆက်ဆက်မှစတင်ကာ တိုင်းရင်းသားနယ်မြေအတွင်းရှိ IDPs များ၊ စစ်ပြေးစစ်ရှောင်များနှင့် ဒုက္ခသည်များ ကူညီပံ့ပိုးပေးနေသည့် မစ္စတာဆာဆာကာဝါနှင့် ၎င်း၏အဖွဲ့အစည်းဖြစ်သည့် နီပွန်ဖောင်ဒေးရှင်းကို တက်ကြွလှုပ်ရှားသူဟုဆိုသော ပုဂ္ဂိုလ်အချို့၏ တိုက်ခိုက်ထိုးနှက်နေမှုအပေါ် NCA-S EAO (၇)ဖွဲ့အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။
NCA လက်မှတ်ရေးထိုးထားသည့် ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ NMSP၊ PNLO လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း နီပွန်ဖောင်ဒေးရှင်းနှင့် ဥက္ကဋ္ဌဆာဆာကာဝါအား အပြည့်အဝထောက်ခံကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ ပြန်လည်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA လက်နက် ကိုင်အဖွဲ့တို့၏ တစ်ကျော့ပြန်စစ်ပွဲများအား နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌမစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် နှစ်ဖက်အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါင်မြို့နယ်၌ ကုန်တင်ကားတစ်စီးက ဘရိတ်ပေါက်ပြီး ရထားသံလမ်းကူးတံခါးကို ဝင်တိုက်မှုဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း