နန့်ယင်းမြစ်ရေသည် မိုးညှင်းနှင့် မိုးကောင်းမြို့များ၌ တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်
ယွန်း (NP News) - ဇူလိုင် ၄
နန့်ယင်းမြစ်ရေသည် မိုးညှင်းနှင့် မိုးကောင်းမြို့များ၌ တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၄ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။
လတ်တလောကာလ၌ မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံအနှံအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှု များ ဖြစ်ပေါ်လျက်ရှိပြီး မြစ်ရေများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများ မြင့်တက်လျက်ရှိခြင်းကြောင့် နန့်ယင်းမြစ်ရေသည် နောက်(၁) ရက် အတွင်း မိုးညှင်းနှင့် မိုးကောင်းမြို့များတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
“မိုးကောင်းဘက်မှာဆိုရင် မိုးက နှစ်ရက်ဆက်တိုက်လောက် ရွာတာရှိတယ်။ မိုးညှင်းဘက်မှာလည်း မိုးတွေများ တယ်။ အဲဒါကြောင့်မို့လို့ မြစ်ရေက ချက်ချင်းဆိုသလို တက်လာတာပေါ့။ လက်ရှိမှာတော့ စိုးရိမ်ရေအမှတ်အောက် မှာပဲရှိသေးတယ်။ ခန့်မှန်းချက်တွေအရတော့ နောက်(၁)ရက်အတွင်း အဲဒီမြို့တွေရဲ့စိုးရိမ်ရေ အမှတ်ကို ရောက်နိုင် ပါတယ်” ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ဆိုထားသည်။
အဆိုပါ မြို့များ၏ မြစ်ရေခန့်မှန်းချက်များအနေဖြင့် မိုးဆက်လက်ရွာသွန်းနေပါက စိုးရိမ်ရေအမှတ်ကို ကျော်လွန် နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
မိုးဇလမှ နေ့လည်(၁၁)နာရီခွဲအချိန်တိုင်းထွာချက်အရ အဆိုပါမြစ်ရေသည် မိုးညှင်းမြို့တွင် စိုးရိမ်ရေအမှတ် အောက် (၁)ပေခွဲခန့်ရောက်ရှိနေပြီး မိုးကောင်းမြို့တွင် ၎င်းမြို့၏ စိုးရိမ်ရေအမှတ်အောက် (၃)ပေခန့်တွင် ရောက်ရှိ နေကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြစ်ကမ်းအနီးရှိ မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း ကြောင့် သတိပြုနေထိုင်သင့်ကြောင်း ဦးလှထွန်းက အကြံပြုပြောဆိုထားသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် နှင့် စစ်တောင်းမြစ်များအနေဖြင့် လက်တလောတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းလွှတ်တော် အသစ်အစည်းအဝေးကျင်းပနေချိန်ကာလအတွင်း တရားမဝင်ဆန္ဒပြပွဲတွေကို တားဆီးဖို့ လုံခြုံရေးတင်းကြပ်ထား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း