ထိုင်းလွှတ်တော် အသစ်အစည်းအဝေးကျင်းပနေချိန်ကာလအတွင်း တရားမဝင်ဆန္ဒပြပွဲတွေကို တားဆီးဖို့ လုံခြုံရေးတင်းကြပ်ထား
ဂျန်ဇက် (NP News) - ဇူလိုင် ၄
ဘန်ကောက်မြို့ရဲတပ်ဖွဲ့ဟာ ဒီသီတင်းပတ်အတွင်းကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးအတွင်း တရားမဝင် နိုင်ငံရေးဆန္ဒပြမှုတွေကို တားဆီးထိန်းသိမ်းနိုင်ဖို့လုံခြုံရေးတင်းကြပ်ထားပြီး မြို့အတွင်း နေရာသုံးခုမှာ ရဲဌာနချုပ်တွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ဇူလိုင် ၃ ရက်နေ့က လွှတ်တော်အသစ်အစည်းအဝေး စတင်ခဲ့ပြီး၊ ပရာချာချက် ပါတီခေါင်းဆောင်ဖြစ် သော ဝမ်မူဟာမက်နိုမာကို အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် အမည်စာရင်းသွင်းကာ ရွေးချယ်နိုင်ခဲ့ပါတယ်။
ထိုင်းလွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးချုပ်အသစ်ရွေးချယ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ရာ မဲအများဆုံး ရရှိထားတဲ့ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတာဝန်ကြီးချုပ် မဖြစ်လာပါက နိုင်ငံရေးဆန္ဒပြပွဲများ ဖြစ်လာမှာကို ကြိုတင်ဟန့်တားနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က စီစဉ်နေပါတယ်။ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မတူညီတဲ့အုပ်စုတွေ ထဲ နိုင်ငံရေးအမြင် သဘောထားကွဲလွဲမှုတွေရှိလာနိုင်မှုနဲ့အတူဆန္ဒပြပွဲတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ထား ကြောင်း ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြပွဲတွေဖြစ်လာမယ်ဆိုရင် ဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်ပြီး ဘန်ကောက်မြို့အတွင်း ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကြတ်ချထားမှုကို ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ချိန်မှာ ရုတ်သိမ်းသွားမှာဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
ဇူလိုင် ၃ ရက်က စတင်ခဲ့တဲ့ ထိုင်းလွှတ်တော်အသစ်ဖွင့်ပွဲအခမ်းနားမှာ ထိုင်းဘုရင်ဝီဇယလောင်ကွန်းက သဘာပတိ အဖြစ် တာဝန်ယူခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နဲ့ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းအောက်လွှတ်တော်ဟာ လွှတ်တော်ဥက္ကဋ္ဌအပြင် အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှစ်ဦးကို လည်း ရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူဖို့ သက်တမ်းတိုးလိုက်ကြောင်း ဂျန်စတိုတန်ဘတ်ချ် ထုတ်ဖော်ပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ