နေတိုးအဖွဲ့အကြီးအကဲအဖြစ် ဆက်လက်တာဝန်ယူဖို့ သက်တမ်းတိုးလိုက်ကြောင်း ဂျန်စတိုတန်ဘတ်ချ် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - ဇူလိုင် ၄
နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘတ်ချ်က စက်တင်ဘာလအကုန်မှာ ရာထူးကနေ အနားယူမယ်လို့ပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သက်တမ်းတိုးသွားမှာဖြစ်ကြောင်း ထပ်မံထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဂျန်စတိုတန်ဘတ်ချ်က "နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ကျွန်တော်ရဲ့နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးခဲ့တယ်။ ကျွန်တော်ဟာ နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ ဆက်လက်ရှိနေမှာပါ" လို့ ပြောပါတယ်။
နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်က လက်ရှိအချိန်မှာ ကမ္ဘာကြီးဟာ အန္တရာယ်တွေ ပိုမိုရင်ဆိုင်နေရပြီး နေတိုးအဖွဲ့မဟာမိတ်နိုင်ငံတွေဟာ အရင်ထက် ပိုမိုအဓိကအရေးကြီးတဲ့အခြေအနေမျိုးကို ရောက်ရှိနေကြောင်း ပြောပါတယ်။
ဂျန်စတိုတန်ဘတ်ချ်ဟာ နေတိုးအဖွဲ့ကိုဦးဆောင်ဖို့ ၂ဝ၁၄ ခုနှစ် မတ်လမှာ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် တာဝန်များဆက်လက်ယူဖို့ ၃ ကြိမ် သက်တမ်းတိုးခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။ ဂျာမနီအခြေစိုက်သတင်းစာဖြစ်တဲ့ Welt က နေတိုးအဖွဲ့ဝင်နိုင်ငံများဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့ ထိပ်တိုက်တွေ့ဆုံနေချိန်မှာ အဖွဲ့တည်ငြိမ်စေဖို့ ဂျန်စတိုတန်ဘတ်ချ်ကို သက်တမ်းတိုးဖို့ လိုလားနေခဲ့ကြောင်း ဖော်ပြထားပါတယ်။
နေတိုးအဖွဲ့နဲ့နီးစပ်တဲ့ သံတမန်အသိုင်းအဝိုင်းကလည်း နေတိုးအဖွဲ့ဝင်နိုင်ငံများဟာ ဂျန်စတိုတန်ဘတ်ချန်ကို နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းတိုးခြင်းကို ခွင့်ပြုပေးသွားဖွယ်ရှိနေကြောင်း ပြောဆိုခဲ့ ပါတယ်။
ဂျန်စတိုတန်ဘတ်ချ် ရာထူးက အနားယူတော့မယ်လို့ သတင်းများထွက်ပေါ်လာချိန်မှာ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဟာ ဘင်ဝါလေ့စ့်ဟာ အဆိုပါနေရာကို ရယူဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူ(၈)ယောက်စာ စားပွဲတစ်ဝိုင်းလျှင် ငွေကျပ်(၂၅)သိန်းနှုန်းဖြင့် ကျင်းပရန် စီစဥ်ထားသည့် အဆိုတော်မျိုးကြီး နှင့် ဝိုင်ဝိုင်းတို့၏ ရှိုးပွဲရက် ရွှေ့ဆိုင်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ