မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ (၁၅ဝဝ)ကျော်တွေ့ရှိခဲ့သော်လည်း သေဆုံးသူမရှိ
စော (NSS) - ဇူလိုင် ၁
မြန်မာနိုင်ငံ၌ ဇွန်လအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ (၁၅ဝဝ)ကျော်တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန်လ (၁)ရက်မှ (၃ဝ)ရက်အတွင်း ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ ကိုဗစ်ရောဂါကူးစက်ခံရသူ (၁၅၅၄)ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့(ဇွန်လ ၃ဝ ရက်)ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြုလူနာ (၂၆)ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် (ဝ ဒသမ ၄၉)ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် (ဇွန်လ ၂၉ ရက်)ထုတ်ပြန်ချက်တွင် ကိုဗစ်အတည်ပြုလူနာ (၂၆)ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းသည် (ဝ ဒသမ ၄၆)ရာခိုင်နှုန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်း ရောဂါပိုး XBB 1.16(Arcturus) ကူးစက်မှုနှုန်းသည် ယခင်ဗီဇပြောင်းပိုးများထက် (၁ ဒသမ ၂၇)ဆအထိ ပိုမိုမြန်ဆန်ကြောင်း သိရသည်။
ကိုဗစ်မျိုးကွဲသည် ကူးစက်မှုမြန်ဆန်သော်လည်း ရောဂါလက္ခဏာများသည် ပိုမိုပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုသည်လည်း ပိုမိုမြင့်မားခြင်းမရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ကြောင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
CANTER (၆) ဘီးကားပေါ်မှ ငွေကျပ်သိန်း (၁၆ဝဝ)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ