ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ပြုပြင်ရခြင်းကြောင့် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ၌ ယာယီဓာတ်အားပြတ်တောက်မည်ဟု YESC အသိပေး
NP News - ဇန်နဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ အရေးပေါ်ရပ်တန့်ပြုပြင်နေရသည့်အတွက် စက်မှုဇုန်များ၌ယာယီဓာတ်အားပြတ်တောက်မှုဖြစ်ပွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ ယနေ့ (ဇန်နဝါရီလ ၉ ရက်) အသိပေးထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ compressor များကို ယနေ့ (ဇန်နဝါရီလ ၉ ရက်) နံနက် ၃ နာရီအချိန်ခန့်တွင် အရေးပေါ်ရပ်တန့်ခဲ့ရခြင်းဖြစ်ပြီး ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ် လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေလျက်ရှိကြောင်းသိရသည်။
အရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်၊ နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း YESC က အသိပေးကြေညာထားသည်။
ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းသည် မုတ္တမကမ်းလွန်ဒေသ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ကွက် M5 နှင့် M6 တို့တွင်တည်ရှိပြီး ၁၉၉၂ ခုနှစ်တွင် သဘာဝ ဓာတ် ငွေ့ ထုတ်လုပ်ရေးတွင်း တူးဖော်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကာ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ပိုက်လိုင်းမှတစ်ဆင့်ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့စတင် တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။
zawgyi version
ရတနာကမ္းလြန္သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွ Compressor မ်ား အေရးေပၚျပဳျပင္ရျခင္းေၾကာင့္ ရန္ကုန္တိုင္းရွိ စက္မႈဇုန္မ်ား၌ ယာယီဓာတ္အားျပတ္ေတာက္မည္ဟု YESC အသိေပး
NP News - ဇန္နဝါရီ ၉
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံမ်ားသို႔ ဓာတ္ေငြ႕ပို႔လႊတ္ေနေသာ ရတနာကမ္းလြန္သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းမွ Compressor မ်ား အေရးေပၚရပ္တန႔္ျပဳျပင္ေနရသည့္အတြက္ စက္မႈဇုန္မ်ား၌ယာယီဓာတ္အားျပတ္ေတာက္မႈျဖစ္ပြားမည္ျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC)၏ ယေန႔ (ဇန္နဝါရီလ ၉ ရက္) အသိေပးထုတ္ျပန္ခ်က္အရသိရသည္။
အဆိုပါ compressor မ်ားကို ယေန႔ (ဇန္နဝါရီလ ၉ ရက္) နံနက္ ၃ နာရီအခ်ိန္ခန႔္တြင္ အေရးေပၚရပ္တန႔္ခဲ့ရျခင္းျဖစ္ၿပီး ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အားထုတ္ လုပ္ပို႔လႊတ္ႏိုင္မႈ ေလ်ာ့နည္းေနလ်က္ရွိေၾကာင္းသိရသည္။
အေရးေပၚ ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္း ေဆာင္႐ြက္ေနစဥ္အတြင္း လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈမ်ား ေလွ်ာ့နည္းေနျခင္းေၾကာင့္ အေရးေပၚဝန္အားေလွ်ာ့ထိန္းညႇိျခင္းမ်ား အခ်ိန္ပိုင္းေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားႏွင့္ ၿမိဳ႕နယ္၊ ေနရာအခ်ိဳ႕တို႔တြင္ ယာယီဓာတ္အား ျပတ္ေတာက္မႈမ်ားရွိမည္ျဖစ္ၿပီး အေရးႀကီးေနရာမ်ား လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈမရွိေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း YESC က အသိေပးေၾကညာထားသည္။
ရတနာသဘာဝဓာတ္ေငြ႕ စီမံကိန္းသည္ မုတၱမကမ္းလြန္ေဒသ၊ ေရနံႏွင့္သဘာဝ ဓာတ္ေငြ႕လုပ္ကြက္ M5 ႏွင့္ M6 တို႔တြင္တည္ရွိၿပီး ၁၉၉၂ ခုႏွစ္တြင္ သဘာဝ ဓာတ္ ေငြ႕ ထုတ္လုပ္ေရးတြင္း တူးေဖာ္ေရးလုပ္ငန္းမ်ား စတင္ ေဆာင္႐ြက္ခဲ့ကာ ၁၉၉၈ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္တြင္ ပိုက္လိုင္းမွတစ္ဆင့္ထိုင္းႏိုင္ငံသို႔ သဘာဝဓာတ္ေငြ႕စ တင္ တင္ပို႔ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်မိုင်းပေါက်ကွဲမှုကြောင့် ထင်းခွေထွက်လာသည့်မိသားစုမှ အသက်(၆)နှစ်အရွယ်ကလေးငယ် ထိခိုက်သေဆုံး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း