တိုက်မိုင်းပေါက်ကွဲမှုကြောင့် ထင်းခွေထွက်လာသည့်မိသားစုမှ အသက်(၆)နှစ်အရွယ်ကလေးငယ် ထိခိုက်သေဆုံး
ဝမ်ဂီ (NP News) - ဇန်နဝါရီ ၉
တိုက်မိုင်းပေါက်ကွဲမှုကြောင့် ထင်းခွေထွက်လာသည့် မိသားစုမှ အသက်(၆)နှစ်အရွယ်ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၇ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကောင်ရာကျေးရွာ၊ နောင်လုံချောင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ကောင်ရာကျေးရွာတွင် နေထိုင်သော ဦးလပြည့်သည် အသက်(၆)နှစ်အရွယ်ရှိ ၎င်း၏သားဖြစ်သူ မောင်စိုးလင်းကိုနှင့်အတူ ထင်းခွေရန်အတွက် ရွာမှထွက်ခွာလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ထွက်ခွာလာစဉ်အချိန် နောင်လုံချောင်းအနီး ရောက်ရှိစဉ် အကြမ်းဖက်အဖွဲ့များထောင်ထားသည့် တိုက်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ အသက်(၆)နှစ်အရွယ်ရှိ မောင်စိုးလင်းကိုမှာ ဦးခေါင်း၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် မောင်စိုးလင်းကိုသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ မိုင်းအန္တရာယ်မှာ ပိုမိုကြီးထွားလာခဲ့ပြီး မိုင်းအန္တရာယ်၏ ဘေးထွက်ဆိုးကျိုးအား ထိခိုက်ခံစားရသူများအနက် အများစုမှာ ကလေးငယ်များဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။
zawgyi version
တိုက္မိုင္းေပါက္ကြဲမႈေၾကာင့္ ထင္းေခြထြက္လာသည့္မိသားစုမွ အသက္(၆)ႏွစ္အ႐ြယ္ကေလးငယ္ ထိခိုက္ေသဆုံး
ဝမ္ဂီ (NP News) - ဇန္နဝါရီ ၉
တိုက္မိုင္းေပါက္ကြဲမႈေၾကာင့္ ထင္းေခြထြက္လာသည့္ မိသားစုမွ အသက္(၆)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ထိခိုက္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ဇန္နဝါရီလ ၇ ရက္ ေန႔လည္ ၁ နာရီဝန္းက်င္ခန႔္တြင္ ကခ်င္ျပည္နယ္၊ တႏိုင္းၿမိဳ႕နယ္ရွိ ေကာင္ရာေက်း႐ြာ၊ ေနာင္လုံေခ်ာင္းအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
ေကာင္ရာေက်း႐ြာတြင္ ေနထိုင္ေသာ ဦးလျပည့္သည္ အသက္(၆)ႏွစ္အ႐ြယ္ရွိ ၎၏သားျဖစ္သူ ေမာင္စိုးလင္းကိုႏွင့္အတူ ထင္းေခြရန္အတြက္ ႐ြာမွထြက္ခြာလာခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
ထိုသို႔ထြက္ခြာလာစဥ္အခ်ိန္ ေနာင္လုံေခ်ာင္းအနီး ေရာက္ရွိစဥ္ အၾကမ္းဖက္အဖြဲ႕မ်ားေထာင္ထားသည့္ တိုက္မိုင္းတစ္လုံး ေပါက္ကြဲခဲ့ရာ အသက္(၆)ႏွစ္အ႐ြယ္ရွိ ေမာင္စိုးလင္းကိုမွာ ဦးေခါင္း၌ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈေၾကာင့္ ရရွိခဲ့ေသာ ဒဏ္ရာမ်ားျဖင့္ ေမာင္စိုးလင္းကိုသည္ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ ပဋိပကၡမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံအ တြင္း၌ မိုင္းအႏၲရာယ္မွာ ပိုမိုႀကီးထြားလာခဲ့ၿပီး မိုင္းအႏၲရာယ္၏ ေဘးထြက္ဆိုးက်ိဳးအား ထိခိုက္ခံစားရသူမ်ားအနက္ အမ်ားစုမွာ ကေလးငယ္မ်ားျဖစ္ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံထဲသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ တရားမဝင် မှောင်ခိုတင်သွင်းရန်ကြိုးပမ်းသည့် နွားအကောင်ရေပေါင်း ၈၆ ကောင်ကို ဖမ်းဆီးရမိဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း