မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြည်ပနိုင်ငံများ နှင့် အဖွဲ့အစည်းများက လှူဒါန်းသည့် ငွေပမာဏများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာ
စော (NSS) - ဇွန် ၂၇
မုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက လှူဒါန်းသည့် ငွေပမာဏများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့(ဇွန်လ ၂၇ ရက်)၊ ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂ဝ၂၃ ခုနှစ် မေလအတွင်းဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် လေဘေးသင့်ခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းမှုကို လက်ခံရရှိခဲ့ကြကြောင်းသိရသည်။
၎င်းတို့အနေဖြင့် မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ တစ်ဆင့် ပြည်ပနိုင်ငံများရှိ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတို့အား အလှူခံသွားရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် မေလ(၂၆)ရက်မှ ယနေ့ ဇွန်လ (၂၇)ရက်အထိ နိုင်ငံရေးဝန်ကြီးဌာနတွင် လက်ခံရရှိခဲ့သော အလှူငွေစာရင်းများကို အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာသံရုံးသို့ လှူဒါန်းခဲ့သော နိုင်ငံခြားငွေ စုစုပေါင်း ယူရို ( ၂၇၅ဝ )၊ စတာလင်ပေါင် (၉၉ဝ) ၊ ရူဘယ်(၁၅ဝဝဝဝ) နှင့် အမေရိကန်ဒေါ်လာ (၁၃၂ဝဝ)တို့ကို လာရောက်လှူဒါန်းခဲ့ကြကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ယွမ် (၁ဝဝဝဝ) ၊ စင်ကာပူဒေါ်လာ( ၃၄၄ဝဝ) ၊ အိန္ဒိယရူပီး (၁၇၅ဝဝဝ) ၊ ထိုင်းဘတ်( ၂၃ဝဝဝ) နှင့် ကျပ်(၁၇၆၁၆၇ဝဝ) တို့ကိုလည်း သက်ဆိုင်ရာသံရုံးများမှ လက်ခံရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ ငွေစာရင်းဌာနသို့ တိုက်ရိုက်လွှဲပြောင်း လှူဒါန်းသည့် စုစုပေါင်း ယန်းငွေ (၂၁၃၇၈၅ဝဝ) နှင့် ငွေကျပ် (၂၅၇ဝဝ၅၂ဝဝ)တို့ကိုလည်း လက်ခံရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် မြန်မာတစ်နိုင်ငံလုံး၌ ငွေကျပ်ဘီလျံ (၅ဝဝ)ကျော် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး ပိန္နဲသီးတက်ခူးရာမှ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း