နိုင်ငံတစ်ဝန်းရှိ သက်ကြီးရွယ်အို (၂)သိန်းကျော်အတွက် လူမှုရေးပင်စင်များကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းထောက်ပံ့မည်
ယွန်း (NSS) - ဇွန် ၂၆
နိုင်ငံတစ်ဝန်းလုံးရှိ သက်ကြီးရွယ်အို (၂)သိန်းကျော်အတွက် လူမှုရေးပင်စင်များကို တစ်နှစ်လျှင် နှစ်ကြိမ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် (၂ဝ၁၇- ၂ဝ၁၈) ဘဏ္ဍာရေးနှစ်မှစ၍ အသက်(၉ဝ)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရသည်။
သို့သော် (၂ဝ၁၈-၂ဝ၁၉) ဘဏ္ဍာရေးနှစ်တွင် အသက် (၈၅)နှစ်နှင့်အထက်သို့ပြောင်းလဲ၍ တစ်ဦးကို တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ်သာ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယခု (၂ဝ၂၃-၂ဝ၂၄) ဘဏ္ဍာရေးနှစ်တွင် (၃)လပေါင်းတစ်ကြိမ်လျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် တစ်နှစ်လျှင်(၂)ကြိမ် ပြောင်းလဲထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ ဆိုသည်။
“အရင်တုန်းက တစ်ယောက်ကို တစ်လမှာ တစ်သောင်းနှုန်းနဲ့ (၃)လတစ်ကြိမ် သုံးသောင်းပေးတယ်။ အခုက (၂)ကြိမ်ထောက်ပံ့သွားမှာပါ။ သုံးလတစ်ဖြတ်ကို တစ်နှစ်မှာ (၂)ကြိမ် ထောက်ပံ့ဖို့ ဘတ်ဂျက်ရထားတာပါ”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
၎င်းတို့အနေဖြင့် လူမှုဝန်ထမ်းထောက်ပံ့ငွေများ ပေးအပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သက်ကြီးရွယ်အို (၂)သိန်းကျော်အား ထောက်ပံ့ရကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် အဆိုပါ သက်ကြီးရွယ်အို (၂)သိန်းကျော်အား (၃)လတစ်ကြိမ်ထောက်ပံ့ရာ၌ မြန်မာငွေကျပ်(၆)ဘီလျံခန့် သုံးစွဲရကြောင်း သိရသည်။
လူမှုရေးပင်စင် လျှောက်ထားလိုသူ သက်ကြီးဘိုးဘွားများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုစာရင်း(ပုံစံ ၆၆(ဃ)နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် လူမှုဝန်ထမ်ရုံးများတွင် လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ထို့ပြင် ထောက်ပံ့ကြေးမရခဲ့သည့် သက်ကြီးရွယ်အိုဘိုးဘွားများအနေဖြင့်လည်း (၁၅၆၆)ကို ဖုန်းဆက်အကြောင်းကြားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖာပွန်မြို့နယ်သစ်တောဦးစီးမှူးရုံးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း