ရခိုင်မှ နေရပ်စွန့်ခွာသူများအား ပြန်လက်ခံရေးလုပ်ငန်းကို အမြန်ဆောင်ရွက်နိုင်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး
ယွန်း (NSS) - ဇွန် ၂၄
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးလုပ်ငန်းများကို အမြန်ဆောင်ရွက်နိုင်ရေး မြန်မာ-ဘင်္ဂလားဒေ့်ရှ် နှစ်နိုင်ငံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ သံရုံးတာဝန်ခံ Mr. A. S. M. Sayem အား ဇွန်လ(၂၃)ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် အထက်ပါကဲ့သို့ နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုမြှင့်တင်နိုင်ရေး အပါအဝင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းကို ဆောလျင်စွာ စတင်နိုင်ရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာစာမျက်နှာတို့၌ ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့လာသည့် အိမ်ထောင်စုစာရင်းများအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ စစ်ဆေးပြီးသူ စုစုပေါင်း လူဦးရေ (၈၇ဝဝဝ) ကျော်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သံတမန်လမ်းကြောင်းဖြင့် ပေးပို့အကြောင်းပြန်ပြီးသားဖြစ်ကြောင်း သိရသည်။
အဆိုပါ စိစစ်ပြီးလူဦးရေအနက် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားတွေ့ရှိခဲ့သူ(၅၆ဝဝဝ) ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင်ပါဝင်သူ (၉ဝဝ) ခန့်နှင့် မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထားမတွေ့သူ (၃ဝဝဝဝ) ကျော် ပါရှိကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။
၎င်းတို့အနက်မှ နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်ရန် သဘောတူခဲ့ပြီး အိမ်ထောင်စု(၂ဝဝ)ကျော်၊ လူဦးရေ(၇ဝဝ) ကျော်ကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရန် လျာထားပေးပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝူဟန်မြို့ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်ဆိုတဲ့ သက်သေမတွေ့ရကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း