ဝူဟန်မြို့ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်ဆိုတဲ့ သက်သေမတွေ့ရကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇွန် ၂၄
တရုတ်အစိုးရဟာ ဝူဟန်မြို့ဓါတ်ခွဲခန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးခဲ့တယ်ဆိုတဲ့ သက်သေမတွေ့ရကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့(ODNI) ကပြောပါတယ်။
ဝူဟန်မြို့ဓါတ်ခွဲခန်းမှာအလုပ်လုပ်နေသူသုံးဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးကူးစက်ခံရပြီး ၎င်းတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးချိန်မှာ ကူးစက်ခံရခြင်းဖြစ်တယ်လို့ အစောပိုင်းက သတင်းများထွက်ပေါ် လာမှုနဲ့ပတ်သက်ပြီး (ODNI) အဖွဲ့က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ (ODNI) အဖွဲ့က " တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်လို့ လူသိများတဲ့ SARS-CoV-2, ကူးစက်ရောဂါကို ဖန်တီးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ခိုင်မာတိကျတဲ့ သတင်းအချက်လက်သက်သေမျိုးမရခဲ့ဘူး" လို့ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ၂ဝ၁၉ ခုနှစ်မှာစတင်ဖြစ်ပွားလာခဲ့ပြီးနောက် အမေရိကန်လွှတ်တော်အမတ်တွေဟာ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကို ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာအခြေအနေမျိုးနဲ့ပတ်သက်ပြီး သတင်းအချက်လက်စုံစမ်းတင်ပြဖို့ ညွှန်ကြားခဲ့ကြောင်းသိရပါတယ်။ အမေရိကန်လွှတ်တော် အမတ်အချို့က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ဝူဟန်မြို့ဓါတ်ခွဲခန်းမှာ တရုတ်ဆေးပညာရှင်များက ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရဟာ လူဖန်တီးတဲ့ရောဂါကို သက်သေမပြနိုင်အောင်ဖုန်းအုပ်ကာကွယ်ခဲ့ကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဖြစ်တဲ့ NSA၊ CIA နဲ့ FBI အဖွဲ့တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဖန်တီးတဲ့ ကူးစက်ရောဂါ ဟုတ်မဟုတ်ဆိုတဲ့အချက်ကို စုံစမ်းလေ့လာ အကဲဖြတ်ခဲ့ပြီး ဓါတ်ခွဲခန်းမှာ ဖန်တီးလုပ်ဆောင်တဲ့ ကူးစက်ရောဂါမျိုးမဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဝူဟန်မြို့ဓါတ်ခွဲခန်းဟာ ပြည်သူတွေရဲ့ကျန်းမာရေးအတွက် တရုတ်စစ်တပ်နဲ့အတူ ရောဂါပိုးသုတေသန နဲ့ ကာကွယ်ရေးများကို စမ်းသပ်နေတဲ့နေရာမျိုးဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ ODNI ကဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့ပြီးနောက် တစ်ကမ္ဘာလုံးကို ကူးစက်ခဲ့ကာ လူသန်းချီသေဆုံးပြီး လူသန်းချီ ကူးစက်ခံရမှုများရှိခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့နယ်တွင် အသက်(၂ဝ)အရွယ်အမျိုးသားတစ်ဦးကို PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ