ရှမ်းနီတိုင်းရင်းသားများအပေါ်အကာအကွယ်ပေးရန် တောင်းဆိုမှုများရှိလာ
NSS - ဇွန် ၂၂
ရှမ်းနီတိုင်းရင်းသားများအနေဖြင့် KIA နှင့် လက်အောက်ခံ PDF အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှုအများအပြားကြုံတွေ့နေရခြင်းကြောင့် အကာအကွယ်ပေးရန် တောင်းဆိုမှုများရှိလာသည်။
မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားများအား KIA နှင့် PDF တို့မှညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုတို့မှ ကာကွယ်ပေးရန် သက် ဆိုင်ရာအဖွဲ့အစည်းများထံ တင်ပြတောင်းဆိုထားသည်ကို တွေ့ရသည်။
၂ဝ၂ဝ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း အဓမ္မဖမ်းဆီးခံခဲ့ရခြင်း၊ နင်းမိုင်းပေါက်ကွဲဒဏ်ရာရခြင်းကြောင့် သေဆုံးရသူသည် (၇ဝ၆)ဦးရှိပြီး အများစုသည် KIA အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF ကဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
“တပ်မတော်အနေနဲ့ဖွဲ့စည်းပုံမှာပါတဲ့အတိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင်ရှောက်ပေးရမယ်ဆိုတာပါပြီးသားပါ။ ဒါကြောင့်အခုလိုတောင်းဆိုရတာပါ။ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်ပေးပါဆိုတဲ့ဆန္ဒဘဲရှိတာပါ”ဟု မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်အေးကပြောသည်။
ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် ရှမ်းနီတိုင်းရင်းသားများထဲတွင် သံဃာတော်(၃)ပါးပါဝင်ပြီး တစ်ပါးသည် ပြန်လည်လွတ်မြောက်လာသော်လည်း ကျန် (၂)ပါးသည် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်းသိရသည်။
၂ဝ၂၂ ခုနှစ်အတွင်း အဓမ္မဖမ်းဆီးခံခဲ့ရခြင်း၊ နင်းမိုင်းပေါက်ကွဲဒဏ်ရာရသေဆုံးရသူသည် (၅၁)ဦးရှိပြီး အမှန်တကယ်မြေပြင်၌ အဆိုပါ ပမာဏထက်များနိုင်ကြောင်း အဆိုပါအဖွဲ့မှဆိုသည်။
မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့သည် ရှမ်းတိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာများကိုဆောင်ရွက်နေကြပြီး လက်ရှိအချိန်တွင် ဦးဆောင်လှုပ်ရှားသူများကို ပြစ်မှတ်ထား ဖမ်းဆီးခြင်းများရှိလာခဲ့ကြောင်းသိရသည်။
ရှမ်းနီတိုင်းရင်းသားအများစုသည် ကချင်ပြည်နယ်အတွင်းနေထိုင်သူများဖြစ်ကြပြီး လက်ရှိတွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့မှာ ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင့် လိင်ဆက်ဆံရန် စေခိုင်းခဲ့သူကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း