Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင့် လိင်ဆက်ဆံရန် စေခိုင်းခဲ့သူကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်

NSS - ဇွန် ၂၂

အမျိုးသမီးတစ်ဦးအား သန့်ရှင်းရေးလုပ်ရမည်ဟု လိမ်လည်ခေါ်ယူကာ တရုတ်အမျိုးသား(၃)ဦးနှင့် လိင်ဆက်ဆံရန်စေခိုင်းခဲ့သည့် အမျိုးသမီးတစ်ဦးကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

နစကမှ ယမန်နေ့(ဇွန်လ ၂၁ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် နေထိုင်သည့် မခင်ဇာဇာလွင်သည် လယ်ဝေးမြို့နယ်တွင် နေထိုင်သည့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တာချီလိတ်မြို့ရှိ လောင်းကစားရုံတွင် သန့်ရှင်းရေးလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

၎င်းသည် အဆိုပါအမျိုးသမီးအား သန့်ရှင်းရေးအလုပ်သည် တစ်လလျှင် ဘတ်(၄၅ဝ)ရမည်ဟု လိမ်လည်ပြောဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင့် အတင်းအဓမ္မလိင်ဆက်ဆံရန် ခိုင်းစေခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ကြောင့် မခင်ဇာဇာလွင်အား မိတ္ထီလာမြို့ အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၅၅/၂ဝ၂၂၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅)ဖြင့်အမှုဖွင့်ထားပြီး မိတ္ထီလာခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၂ဝ)ရက်တွင် မတ္ထီလာခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ  (၃၅)အရ မခင်ဇာဇာလွင်အား အလုပ်နှင့်ထောင်ဒဏ် (၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် မအေးအေးမော်က ထန်းတပင်မြို့တွင်‌ နေထိုင်သည့် အသက်(၂၁)အရွယ်အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံ၌ အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးအား ၎င်းအလုပ်သည် တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ်(၃)သိန်း၊ (၄)သိန်းရမည်ဟု ပြောဆိုကာ အဆင့်ဆင့်ခေါ်ဆောင်၍ တရုတ်အမျိုးသားများနှင့် ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မအေးအေးမော်အား လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းက (ပ)၁၄၈၆/၂ဝ၂ဝ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၄/၃၂)ဖြင့် အမှုဖွင့်အရေးယူပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် မြောက်ပိုင်းခရိုင်တရားရုံးသို့ စွဲချက်တင်ပို့ခဲ့ရာ မေလ(၃ဝ)ရက်တွင် ၎င်းအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့စိတ်အားထက်သန်နေတဲ့ နေမာ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved