ကွန်ဒိုဥပဒေနှင့်အညီ ဆောက်လုပ်ထားသည့် ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများဝယ်ယူခွင့်ရရှိမည်
NSS - ဇွန် ၁၈
နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုဥပဒေနှင့်အညီ ဆောက်လုပ်ထားသည့် ကွန်ဒိုတိုက်ခန်းများကို တရားဝင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းများထံမှ သိရသည်။
ယခင်က ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများအနေဖြင့် တရားဝင်ဝယ်ယူနိုင်ခွင့်မရှိခြင်းကြောင့် နိုင်ငံခြားသားဝယ်ယူမှုသည် ရာခိုင်နှုန်းမရှိခဲ့ကြောင်း သိရသည်။
“နိုင်ငံခြားသားက ဝယ်တာအားနည်းတာမဟုတ်ဘူး။ ပြောရရင် ယနေ့အထိကို တရားဝင်ဝယ်ခွင့်ကို မရသေးတာ။ ကွန်ဒို law နဲ့ အကောင်အထည်ဖော်တဲ့ ကွန်ဒိုဆိုတာ အခုမှ မြေအပ်တဲ့အဆင့်ပြီးတာ (၂)ခုပဲရှိသေးတယ်။ နိုင်ငံခြားသားက အခုမှ စဝယ်လို့ရတာပေါ့” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ကွန်ဒိုဥပဒေနှင့်အညီ အကောင်အထည်ဖော်နေသည့် ကွန်ဒိုများအနက် မြေအပ်သည့်အဆင့်ပြီးမြောက်သည့် ကွန်ဒိုအနေဖြင့် (၂)ခုသာရှိပြီး ကွန်ဒို law နှင့်အညီ နိုင်ငံခြားသားများ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝယ်ယူရာတွင်လည်း ပြည်တွင်းနေ နိုင်ငံခြားသားများနှင့် ပြည်ပမှ ဝယ်ယူသောနိုင်ငံခြားသားများ ဟူ၍ (၂)မျိုးရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
ပြည်တွင်းနေ နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတိုက်ခန်းများကို local ပိုက်ဆံဖြင့် ဝယ်ယူခွင့်ရှိသည်ဟု ဖော်ပြထားကြောင်းသိရပြီး နိုင်ငံခြားမှ ကွန်ဒိုဝယ်ယူသူများအနေဖြင့် တရားဝင်ငွေလွှဲ၍သာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ ကွန်ဒိုဥပဒေနှင့်အညီ ကွန်ဒိုများဆောက်လုပ်ရန် လျှောက်ထားမှုများရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုများရှိနေကြောင်း သိရသည်။
ထို့ပြင် လတ်တလောကာလ၌ ကွန်ဒိုမီနီယမ်ရောင်းချမှုများ ပြန်လည်မြင့်တက်လာပြီး ရန်ကုန်နှင့် မန္တလေးတို့၌ ဝယ်ယူမှုမြင့်တက်လာကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ ဆိုထားသည်။
သို့သော် ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခဲ့ပြီး ဆောက်လုပ်ရေးကဏ္ဍကိုရပ်တန့်ခဲ့သူများလည်း ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထံ UEC ဥက္ကဋ္ဌ လာရောက်ခြင်းသည် မိဘက သားသမီးများထံ လာရောက်စောင့်ရှောက်ပေးခြင်းမျိုးဖြစ်ဟုပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း