ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက သံဃာအပါး (၁၀၀၀)လှူဒါန်းပွဲနှင့် ဆီမီး (၁၀၀၀၀)ပူဇော်ပွဲကို ရွှေတိဂုံစေတီတော်၌ ကျင်းပမည်
NSS - ဇွန် ၁၇
ရွှေတိဂုံစေတီတော်ရင်ပြင်၌ သံဃာအပါး (၁၀၀၀)လှူဒါန်းပွဲနှင့် ဆီမီး (၁၀၀၀၀)ပူဇော်ပွဲကို ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ပြုလုပ်သွားရန်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ သံဃာတော်များအား လှူဒါန်းပွဲနှင့်ဆီမီး တစ်သောင်းထွန်းညှိပူဇော်ပွဲကို မနက်ဖြန်(ဇွန် ၁၈ ရက်) နံနက် ၇ နာရီခွဲအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းပူဇော်ပွဲအား ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်မြတ်များတန် ဆောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါ လှူဒါန်းပွဲသည် ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက လှူဒါန်းပူဇော်ခြင်းဖြစ်ကြောင်း ပွဲစီစဉ်နေ သည့် တိပိဋကရခိုင်ဆရာတော်နှင့် ရက္ခိတစွမ်းအားပရဟိတအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်မှုလုပ်ငန်းသုံးဓာတုဗေဒပစ္စည်းတွေ ကို ပြည်တွင်းမှာဥပဒေနဲ့အညီသုံးစွဲဖို့လိုအပ်
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း