မြန်မာနှင့် ရုရှားနိုင်ငံကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်
ယွန်း (NSS) - ဇွန် ၁၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် မကြာမီအချိန်အတွင်း ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဇွန်လ(၁၂)ရက်မှ (၁၆) ရက်အထိကျင်းပခဲ့သည့် အစည်းအဝေးကို အွန်လိုင်းမှ တက်ရောက်ခဲ့ပြီး အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း ဒေါက်တာဌေးအောင်က အသိပေးပြောဆိုထားသည်။
ထို့ပြင် ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂ဝ၂၂- ၂ဝ၂၅) ကိုရေးဆွဲခဲ့ပြီး အဆိုပါစီမံချက်များအပေါ် နှစ်အလိုက်လုပ်ငန်းစီမံချက်များ ချမှတ်ကာ အကောင်အထည် ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် မကြာမီအချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမည် ဖြစ် ကြောင်း ဒေါက်တာဌေးအောင်က အသိပေးပြောဆိုခဲ့သည်။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ် ရေး အဖွဲ့များကို ဖွဲ့စည်း၍ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၆ဝ)နှစ်အရွယ် အဘိုးအိုတစ်ဦး ရထားကြိတ်ခံရမှု ပျဉ်းမနားမြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း