အသက်(၆ဝ)နှစ်အရွယ် အဘိုးအိုတစ်ဦး ရထားကြိတ်ခံရမှု ပျဉ်းမနားမြို့နယ်တွင် ဖြစ်ပွား
Pearl (NSS) – ဇွန် ၁၇
အသက်(၆ဝ)နှစ်အရွယ် အဘိုးအိုတစ်ဦး ရထားကြိတ်ခံရမှု ပျဉ်းမနားမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မိုးစေတနာပရဟိတ - ရန်ကုန် နေပြည်တော် ပျဉ်းမနားရုံးခွဲထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၇ ရက်) ၊ နံနက် (၆)နာရီ အချိန်ခန့်တွင် ပျဥ်းမနားမြို့တောင်ဘက်၊ ရှမ်းစုလေးကျေးရွာ၊ သံလမ်းဘုန်းကြီးကျောင်းအနီးရှိ ရထားသံလမ်းတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားသံလမ်းတွင် ပျဉ်းမနားမြို့၊ ဦးမင်းဒင်ရပ်ကွက်၌နေထိုင်သူ အသက်(၆ဝ)နှစ်အရွယ် အဘိုးတစ်ဦး ရထားကြိတ်ခံရကြောင်း သိရသည်။
" ဦးလေးကြီးက အသက်ကလည်းနည်းနည်းကြီးနေပြီ။ ဦးဏှောက်နဲ့ ပတ်သက်ပြီး ဆေးရုံပြနေရတာ ။ သူ့မိသားစုကလည်း သူ အိမ်ကနေ ဘယ်ချိန်ထွက်သွားလဲ မသိဘူး။ ရထားတိုက်ခံရတယ်ကြားလို့ သွားကြည့်တဲ့အခါ သူဖြစ်နေတာ။ ပုံစံကြည့်ရတာ ကြိတ်မိတာ မဟုတ်ဘူး ပွတ်ဆွဲခံရတာမျိုး။ လက်ချောင်းလေးတွေ ကြေမွသွားတယ်။ လက်ဖမိုးက ဖွာထွက်သွားတယ်။ တစ်ဖက်က လက်သန်းနဲ့ လက်မကောင်းတယ်။ တစ်ဖက်က လက်သန်း နဲ့ လက်သန်ကြွယ်ကောင်းတယ် ။ ခေါင်းလည်းနည်းနည်းထိသွားတယ်။ လက်ချောင်းတွေတော့ ဖြတ်ရမယ်ထင်တယ်" ဟု အထက်ပါလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ၎င်းတွင် လက်ချောင်းအချို့ ကြေမွသွားခဲ့၍ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ၎င်းအား ကုတင်(၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် အကြီးအကဲ ဘင်္ဂလားဒေ့ရ်ှသို့ လာရောက်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း