မြန်မာနိုင်ငံမှ ရှင်သန်ရေးလူမှုကူညီရေးအသင်းက အာဆီယံဆိုင်ရာ ထူးချွန်ဆုကိုရရှိ
စော (NSS) - ဇွန် ၁၅
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုကို မြန်မာနိုင်ငံမှ ရန်ကုန်အခြေစိုက် ရှင်သန်ရေးကူညီမှုအသင်းက ရရှိခဲ့ကြောင်း သိရသည်။
အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်မှပေးသော အဆိုပါဆုကို မြန်မာ နိုင်ငံမှ ရှင်သန်ရေးသန်ရေးကူညီမှုအသင်းက ရရှိခဲ့ခြင်းဖြစ်သည်။
(၂ဝ၂၃)ခုနှစ်အတွက် အိမ်ရှင်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတွင်ကျင်းပသည့် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆုကို ရှင်သန်ရေးကူညီမှုအသင်း ဦးထွန်းထွန်းဦးမှ အဝေးရောက်အနေ ဖြင့် လက်ခံရရှိခဲ့ကြောင်း သိရသည်။
“ကိုယ်နိုင်ငံကမဟုတ်တဲ့လူတွေက အသိအမှတ်ပြုတယ်ဆိုတော့ အရမ်းပဲဝမ်းသာတာပေါ့။ နောက်ပြီး ကျွန်တော်တစ်ယောက်ထဲတော်လို့ရတာမဟုတ်သလို ပရဟိတညီအစ်ကိုမောင်နှမတွေအားလုံး လုပ်ကိုင်နိုင်လို့ ရတဲ့ဆုဖြစ်တဲ့အတွက် ကျွန်တော်ရတယ်ဆိုတာကလည်း ပရဟိတညီအစ်ကိုမောင်နှမအားလုံးရတာနဲ့တူတူပါပဲ”ဟု ရှင်သန်ရေးကူညီမှုအသင်းမှ ဦးထွန်းထွန်းဦးက ပြောဆိုခဲ့သည်။
ဦးထွန်းထွန်းဦးသည် ရှင်သန်ရေးကူညီမှုအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်သည်။
“ဒီလိုရနိုင်အောင် ကျွန်တော့်ရဲ့ လုပ်အားဒါနအနေနဲ့ ပရဟိတညီအစ်ကိုမောင်နှစ်မတွေရှိသလို အလှူရှင်တွေအနေနဲ့ လှူလို့လည်း လုပ်နိုင်တာပါ။ အလှူရှင်တွေကို အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ သူတို့လှူလို့လုပ်အားဒါနလုပ်ရင်းရတဲ့အတွက် သူတို့နဲ့လည်း အကျုံးဝင်သက်ဆိုင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုထားသည်။
(၂ဝ၂၂) ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် အစည်းအဝေး၌လည်း ရှင်သန်ရေးကူညီမှုအသင်းက အသင်းလိုက်ဆုကို ရရှိထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတက္ကသိုလ်မှ မြန်မာတိုင်းရင်းဆေးပညာ မဟာဘွဲ့နှင့် ပေါင်းကူးဘွဲ့သင်တန်းအတွက် လျှောက် လွှာခေါ်ယူနေ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း