မန္တလေးတက္ကသိုလ်မှ မြန်မာတိုင်းရင်းဆေးပညာ မဟာဘွဲ့နှင့် ပေါင်းကူးဘွဲ့သင်တန်းအတွက် လျှောက် လွှာခေါ်ယူနေ
စော (NSS) - ဇွန် ၁၅
မန္တလေးတက္ကသိုလ်မှ မြန်မာတိုင်းရင်းဆေးပညာ မဟာဘွဲ့နှင့် ပေါင်းကူးဘွဲ့ သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေကြောင်း သိရသည်။
မန္တလေးရှိ တိုင်းရင်းဆေးတက္ကသိုလ်မှ ယမန်နေ့(ဇွန်လ ၁၄ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် မြန်မာတိုင်းရင်းဆေးပညာမဟာဘွဲ့ (B.T.MT) ကိုရရှိထားရန်လိုအပ် ကြောင်း သိရသည်။
ထို့ပြင် မြန်မာတိုင်းရင်းဆေးပညာဘွဲ့ (ပေါင်းကူး)အတွက် တိုင်းရင်းဆေးပညာဒီပလိုမာအောင်မြင်ပြီးသူဖြစ်ရန်လိုအပ်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့လွန်စာမေးပွဲဌာနသို့ လျှောက်လွှာများကို ဩဂုတ်လ (၄)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ဝင်ခွင်စာမေးပွဲများကို အောက်တိုဘာလ(၅)ရက်တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇွန် ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းများ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း