ပုဏ္ဏားကျွန်းမြို့နယ်၌ မှိုစားရာမှ ဒေသခံ (၁ဝ)ဦးကျော် အစာအဆိပ်သင့်မှုဖြစ်ပွား
NSS - ဇွန် ၁၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မှိုစားပြီးနောက် ဒေသခံ (၁ဝ)ဦးကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ဇွန်လ(၁၂)ရက်၊ ညနေ(၄)နာရီခွဲအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်နှင့် သာစည်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနေ့ကဖြစ်တာပါ။ မှိုစားပြီးအစာအဆိပ်သင့်သွားတာ။ သာစည်ကလူတွေကတော့ မှိုရာသီဆိုတော့ ပေါက်နေတဲ့မှိုတွေကို လိုက်ခူးစားရင်း ဖြစ်သွားတာ။ မြို့သစ်ကလူတွေကတော့ ဈေးကဝယ်လာကြတာပါ”ဟု ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
၎င်းဖြစ်စဥ်ကြောင့် စုစုပေါင်း (၁၃)ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ၎င်းတို့အား အရေးပေါ်လူနာအဖြစ် ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် ၎င်းတို့သည် စိုးရိမ်ရသည့်အခြေအနေမရှိသော်လည်း ဆေးရုံတွင် ဆေးကုသမှုဆက်လက်ခံယူနေရသူများလည်း ရှိနေသေးကြောင်း ၎င်းက အသိပေးပြောဆိုထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ(၁၁)ရက်ကလည်း စစ်တွေမြို့၊ စံပြရပ်ကွက်တွင် ငှက်ပျောပင်အောက်၌ ပေါက်နေသော မှိုများကို စားမိရာမှ အမျိုးသမီး(၃)ဦး အပါအဝင် အမျိုးသား(၁)ဦးနှင့် ကလေး(၁)ဦး စုစုပေါင်း(၅)ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အရာရှိအချို့ သွားရောက်တွေ့ဆုံဆိုသော သတင်းများမှာ မမှန်ကန်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း