ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အရာရှိအချို့ သွားရောက်တွေ့ဆုံဆိုသော သတင်းများမှာ မမှန်ကန်
NSS - ဇွန် ၁၃
ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အရာရှိအချို့ သွားရောက်တွေ့ဆုံဆိုသော သတင်းများမှာ မှန်ကန်မှုမရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်အချုပ်ထောင်၌ အကျဉ်းကျနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးအငြိမ်းစား ဦးခင်ဇော်ဦးတို့က သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။
၎င်းကဲ့သို့ တွေ့ဆုံမှုသတင်းများနှင့်ပတ်သက်၍ NP News အနေဖြင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ဒေါ်အောင်ဆန်းစုကြည်ကို ဦးရာပြည့်တို့၊ ဦခင်ဇော်ဦးတို့ သွားတွေ့တာ လုံးဝမရှိပါဘူး။ မည်သူတစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံခြင်းမရှိပါဘူး။ ဒီလပိုင်းတွေအတွင်းမှာ။ တွေ့ဆုံတယ်ဆိုတဲ့သတင်းတွေကတော့ သတင်းအမှားတွေ ဖြစ်ပါတယ်” ဟု အတည်ပြုပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် အပါအဝင် အရာရှိအချို့ သွားရောက်တွေ့ဆုံခဲ့သည်ဆိုသော သတင်းများသည် သတင်းအမှားသာဖြစ်ကြောင်းနှင့် ပြီးခဲ့သော မေလ၊ ဇွန်လတို့တွင်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ လာရောက်တွေ့ဆုံခဲ့ခြင်းမရှိကြောင်း နေပြည်တော်အချုပ်ထောင်မှတာ ဝန်ရှိသူက ဆက်လက်ပြောဆိုထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ NP News အနေဖြင့် ထပ်မံအတည်ပြုသိရှိနိုင်ရန်အတွက် နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ ဆက်သွယ်နေသော်လည်း ဆက်သွယ်မှုမရရှိသေးပေ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှုအပါအဝင် အမှုစုစုပေါင်း(၁၉)မှုဖြင့် ထောင်ဒဏ်(၃၃)နှစ် ချမှတ်ခြင်းခံခဲ့ရပြီး လက်ရှိတွင် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းကျခံနေရလျက်ရှိသည်။
ပြီးခဲ့သော ဧပြီလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်မှ နေအိမ်သို့ ပြန် လည်ပြောင်းရွေ့ခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးပြီ ၎င်းသတင်းများသည် မဟုတ်မှန်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေရှင်းထားဖူးသည်။
ယခုနှစ် မတ်လအတွင်း၌လည်း NLD ပါတီမှ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းအပါအဝင် (၂)ဦးသည် NLD ပါတီဆက်လက် ရပ်တည်နိုင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က မည်သူတစ်ဦးတစ်ယောက်နှင့်မျှ တွေ့ဆုံလိုခြင်း မရှိကြောင်း အကြောင်းပြန်ကြားမှုကြောင့် တွေ့ဆုံခွင့် မရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့၌ ကျေးရွာနေပြည်သူနှစ်ဦးအား အကြမ်းဖက်များက သေနတ်ဖြင့်ပစ်သတ်ကာ ရွှေထည်နှင့် ငွေသားများ လုယက်ယူဆောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ