ငါန်းဇွန်မြို့၌ ကျေးရွာနေပြည်သူနှစ်ဦးအား အကြမ်းဖက်များက သေနတ်ဖြင့်ပစ်သတ်ကာ ရွှေထည်နှင့် ငွေသားများ လုယက်ယူဆောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇွန် ၁၃
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ကျေးရွာနေပြည်သူနှစ်ဦးကို အကြမ်းဖက်များက သေနတ်ဖြင့်ပစ်သတ်ကာ ရွှေထည်အပါအဝင် ငွေသားများအား လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ (၁ဝ)ရက်၊ ည ၇ နာရီခွဲအချိန်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်သည် ဆင်ဖြူကုန်းကျေးရွာအတွင်းသို့ ဆိုင်ကယ်(၈)စီးဖြင့် ရောက်ရှိလာသော အကြမ်း ဖက် အဖွဲ့အင်အား(၁၅) ဦးခန့်သည် ၎င်းကျေးရွာတွင်နေထိုင်သည့် အမျိုးသားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နေအိမ်အသီးသီးတွင်ရှိနေကြသည့် ဦးမြင့်လွင်(၅၄)နှစ် နှင့် ဦးနက်တိုး(၅ဝ)နှစ်တို့သည် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်များသည် ဦးနက်တိုး၏ မိသားစုဝင်များထံမှ ငွေကျပ်(၄၈)သိန်း အပါအဝင် ရွှေထည်များနှင့် လက်ကိုင်ဖုန်း(၄)လုံးတို့ကို ခြိမ်းခြောက်လုယက်ကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လက်ရှိ၌ အထက်ပါဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ် ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မယ့်သူများကို ပြစ်ဒဏ်ပေးနိုင်ဖို့ ဥပဒေကို ပြင်ဆင်ပြောင်းလဲသွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း