ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မယ့်သူများကို ပြစ်ဒဏ်ပေးနိုင်ဖို့ ဥပဒေကို ပြင်ဆင်ပြောင်းလဲသွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော
ဂျန်ဇက် (NSS) - ဇွန် ၁၃
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ လာမယ့်လမှာ ကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မယ့် သူများကို ပြစ်ဒဏ်ပေးနိုင်ဖို့ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပြောင်းလဲသွားဖို့ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့လုပ်ရပ်ဟာ အတိုက်အခံအားလုံးကို ဖိနှိပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန် ပြစ်တင်မှုများရှိနေကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားလွှတ်တော်အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်မယ့်သူများကို ပြစ်ဒဏ်ပေးမယ့်ဥပဒေကို လာမယ့် ရက်ပိုင်းအတွင်း ခွင့်ပြုပေးသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ မဲမပေးဘဲနေမယ့်သူများကို လာမယ့်ရွေးကောက်ပွဲ တွေမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်ခြင်း တားမြစ်ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ အဓိကအတိုက်ခံပါတီဖြစ်တဲ့ Candlelight ပါတီကို ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ အရည် အချင်းပျက်ယွင်းကြောင်း သတ်မှတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်နေတဲ့ ကမ္ဘောဒီးယားပြည်သူပါတီ ဟာ လာမယ့်ရွေးကောက်ပွဲမှာအနိုင်ရဖို့ အလားလာများသွားကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်က "ရွေးကောက်ပွဲမှာ မဲပေးမှု အပါအဝင် ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒရှိနေသူတွေဟာ ဒီမိုကရေစီ လူအဖွဲ့အစည်းမှာ နိုင်ငံသားကောင်းတွေဖြစ်တယ်။ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိတယ်ဆိုတဲ့အခွင့်အရေးကို စတင် လုပ်ဆောင်ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူး အပါအဝင် ကမ္ဘောဒီးယားအစိုးရအဖွဲ့မှာ နှစ်ပေါင်း ၃၆ နှစ်ကြာ အကြီးအကဲ တာဝန်များကို ရယူခဲ့ဖူးတဲ့ ဟွန်ဆန်ဟာ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ထားသူများ နဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့်အစီအစဉ်များကို အသေးစိတ်ပြောဆိုခြင်းမရှိသေးကြောင်း သိရပါတယ်။
ရွေးကောက်ပွဲကို မဲမထည့်ဖို့ တောင်းဆိုနေတဲ့သူတွေကို အပြစ်ပေး အရေးယူခြင်းများ၊ ဒဏ်ရိုက်ခြင်းများပြုလုပ်ဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားအစိုးရက အတိုက်ခံအုပ်စုများကို ပစ်မှတ်ထားခြင်းမျိုးမရှိကြောင်း၊ ဥပဒေအတိုင်းသာလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုင်းတုံမြို့နယ်တွင် သားဖြစ်သူမှ မိခင်အရင်းအား ရိုက်သတ်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ