ကျိုင်းတုံမြို့နယ်တွင် သားဖြစ်သူမှ မိခင်အရင်းအား ရိုက်သတ်မှုဖြစ်ပွား
Pearl (NSS) - ဇွန် ၁၃
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် သားဖြစ်သူမှ ၎င်း၏ မိခင်အရင်းအား လယ်ထဲ၌အသုံးပြုသည့် သံထွန်ခြစ်ဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၁၂ရက်) ၊ ည (၉)နာရီခွဲ အချိန်ခန့်တွင် ကျိုင်းတုံမြို့ ၊ မိုင်းခွန်အုပ်စု ၊ ပန်လီကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်လီကျေးရွာတွင်နေထိုင်သည့် အသက် (၃ဝ)ခန့်ရှိသော အမျိုးသားသည် ၎င်း၏ မိခင်အရင်းဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ မိခင်အား သံထွန်ခြစ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးထံမှ သိရသည်။
ထိုသို့ ရိုက်နှက်ခံရမှုကြောင့် မိခင်ဖြစ်သူတွင် ဦးခေါင်း၌ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်ကြောင့် အဆိုပါ အမျိုးသမီးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား တိုင်းနေနာရေးကူညီမှုအသင်းက ကျိုင်းတုံဆေးရုံ ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းသမ္မတ မက်မို့အက်ဘက်စ် တရုတ်နိုင်ငံကို ရောက်ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း