ပါလက်စတိုင်းသမ္မတ မက်မို့အက်ဘက်စ် တရုတ်နိုင်ငံကို ရောက်ရှိ
ရောင်နီ (NSS) - ဇွန် ၁၃
ပါလက်စတိုင်းခေါင်းဆောင် မက်မို့အက်ဘက်စ်ဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင်ပြေချောမွေ့စေဖို့ အကူအညီအတွက် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
နိုင်ငံပိုင်ရုပ်သံ CGTN က အက်ဘတ်စ်ဟာ ၄င်းရဲ့ လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွက် အင်္ဂါနေ့(ဇွန်လ ၁၃ ရက်) နံနက်က တရုတ်နိုင်ငံမြို့တော် ပေကျင်းကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ အက်ဘတ်စ်ရဲ့ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေးဖြစ်တဲ့တရုတ်နိုင်ငံကို ၅ ကြိမ်မြောက်လာရောက်တဲ့ နိုင်ငံတော်ခရီးစဉ်ဖြစ်ပါတယ်။
ပါလက်စတိုင်းသတင်းအေဂျင်စီ Wafa က အက်ဘတ်စ်ဟာ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖင် တွေ့ဆုံ သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ပါလက်စတိုင်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုများ နဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေအတွက် အမြင်ချင်းဖလှယ်ဖို့ စီစဉ်ထားတယ်လို့ Wafa က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အက်ဘတ်စ်ဟာ ဝန်ကြီးချုပ်လီချွန်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
တရုတ်ဟာ အရှေ့အလယ်ပိုင်းဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပြီး အဲဒီဒေသရဲ့ကာလရှည်ကြာ သြဇာလွှမ်းမိုး သူ အမေရိကန်ကို စိန်ခေါ်လျက်ရှိပါတယ်။ တရုတ်သမ္မတရှီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ပထမဆုံး တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးအတွက် ဆော်ဒီအာရေဗီးယားကို သွားရောက်ခဲ့ပြီး ပါလက်စတိုင်း ခေါင်းဆောင် အက်ဘတ်စ်နဲ့လည်း တွေ့ဆုံခဲ့ကာ ပါလက်စတိုင်းပြဿနာကို တရားမျှတစွာ ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့တာဖြစ်ပါတယ်။
အီရန်သမ္မတ အက်ဘရာဟင်ရိုင်စီဟာလည်း နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ က တရုတ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။ တရုတ်ဟာ ယခုနှစ်နှောင်းပိုင်းမှာ အီရန်နဲ့ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေးကောင်စီတို့နဲ့ မကြုံစဖူး ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ ရည်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန် - မန္တလေးလမ်းဟောင်းတွင် တွဲကားတစ်စီးအရှိန်လွန်၍ လမ်းဘေးသို့ ထိုးကျရာ တစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ