ရန်ကုန် - မန္တလေးလမ်းဟောင်းတွင် တွဲကားတစ်စီးအရှိန်လွန်၍ လမ်းဘေးသို့ ထိုးကျရာ တစ်ဦးသေဆုံး
Pearl (NSS) - ဇွန် ၁၃
ရန်ကုန် - မန္တလေးလမ်းဟောင်းတွင် တွဲကားတစ်စီး အရှိန်လွန်၍ လမ်းဘေးသို့ထိုးကျမှုကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးသွားခဲ့ကြောင်း ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၁၃ ရက်) ၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ခေတ်အေးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါကျေးရွာအနီး နီလာရိုးမဆီဆိုင်ရှေ့တွင် အသက်(၄ဝ)နှစ်ဝန်းကျင် အမျိုးသားမောင်းနှင်သော တွဲကားသည် လက်ဝဲဘက် ယာဥ်ကြောလမ်းဘေးသို့ မတော်တဆ အရှိန်လွန်ထိုးကျသွားခဲ့ကြောင်း သိရသည်။
"တွဲကားက အရှိန်လွန်ပြီးဖြစ်တာ။ ကားပေါ်မှာလည်း သူတစ်ယောက်ပဲပါတယ်။ အခင်းဖြစ်နေရာမှာပဲဆုံးတာ။ လက်ပြတ်သွားတယ်။ လက်က ရှာလို့တောင် မတွေ့တော့ဘူး"ဟု ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါ အမျိုးသားသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ရုပ်အလောင်းအား နေပြည်တော် ပြည့်သူ့ဆေးရုံကြီး ကုတင်(၁ဝဝဝ)သို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ရန်ပုံငွေဘောလုံးပြိုင်ပွဲ ကျင်းပမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း