သဘာဝဘေးဒဏ်ခံရသော စေတီပုထိုးများ ပြုပြင်မွမ်းမံရန် တရုတ်အစိုးရက မြန်မာနိုင်ငံကို ယွမ်ငွေ (၁) သန်းလှူဒါန်း
Pearl (NSS) - ဇွန် ၁၃
သဘာဝဘေးဒဏ်ခံရသောစေတီပုထိုးများ ပြုပြင်မွမ်းမံရန်အတွက် တရုတ်အစိုးရက မြန်မာနိုင်ငံကို ယွမ်ငွေ(၁)သန်း လှူဒါန်းထားကြောင်း တရုတ်သံရုံးက ဆိုထားသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယမန်နေ့ (ဇွန်လ ၁၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားသည် ပြီးခဲ့သည့် ဇွန်လ (၆)ရက်၊ ည (၉)နာရီအချိန်ခန့်တွင် မိုးများသည်းထန်စွာရွာသွန်းမှုနှင့်အတူ မိုးကြိုးစက်ကွင်းထိမှန်ခဲ့ပြီး အနည်းငယ်ပျက်စီးဆုံးရှုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်မေလ (၁၃)ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံယဥ်ကျေးမှုနယ်မြေအပြင် ညောင်ဦးမြို့နယ်အတွင်းရှိ ရွှေဘုံသာဘုရား၏ သပိတ်တော်မှော်ရစ်အထက်ပိုင်းပြိုကျကာ မြေခပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပုဂံဒေသရှိ သဘာဝဘေးဒဏ်ခံရသော စေတီပုထိုးများအား ပြန်လည်ပြုပြင်မွမ်းမံရာတွင် အသုံးပြုရန်အတွက် တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ယွမ်ငွေ (၁)သန်း လှူဒါန်းထားကြောင်း သိရသည်။
အလားတူ ယမန်နေ့(ဇွန်လ ၁၂ ရက်)တွင် မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁)သိန်းခန့်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို တရုတ်အစိုးရမှ ပထမအကြိမ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အထက်ပါအစီအမံများသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဖေးမပေးသော တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြနေကြောင်း တရုတ်သံရုံးမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူးမင်း) ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသနိုင်ဟုဆို
RELATED POSTS
14 Nov 2024 | ဘာသာရေး,ပြည်တွင်း
12 Nov 2024 | ဘာသာရေး,ပြည်တွင်း
20 Sep 2024 | ဘာသာရေး,ပြည်တွင်း
18 Sep 2024 | ဘာသာရေး,ပြည်တွင်း