မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁)သိန်းခန့်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို တရုတ်အစိုးရက လှူဒါန်း
Pearl (NSS) - ဇွန် ၁၃
မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၁)သိန်းခန့်တန်ဖိုးရှိ ထောက်ပံ့ရေးပစ္စည်းများကို တရုတ်အစိုးရက ပထမဆုံးအကြိမ်လှူဒါန်းခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယမန်နေ့ (ဇွန်လ ၁၂ ရက်)၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံမုန်တိုင်းဒဏ်သင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် Tianjin Air Cargo လေယာဉ်သည်ယနေ့ နံနက် ၁၁ နာရီ ၅ဝ မိနစ်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ရောက်ရှိလာသည့် ထောက်ပံ့ပစ္စည်းများလွှဲပြောင်းခြင်းကို Air Side တွင်ပြုလုပ်ပြီး ရန်ကုန်တိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr.Chen Hai ကပေးအပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းသည့်ပစ္စည်းများတွင် ပထမအသုတ်အနေဖြင့် ခြင်ထောင်(၁ဝဝဝဝ)လုံးနှင့် စောင်(၁ဝဝဝဝ) ထည်တို့ဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၇၅ဝဝ ခန့်ရှိကြောင်း နစကမှ ဆိုသည်။
ကယ်ဆယ်ရေးနှင့်အကူအညီများပံ့ပိုးရာတွင် မုန်တိုင်းဘေးသင့် ပြည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၏ကြီးကြပ်မှုဖြင့် တိုင်းနှင့် ပြည်နယ်အစိုးရများ၊ ဝန်ကြီးဌာနအသီးသီးနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံမှ နောက်ဆက်တွဲ ကူညီထောက်ပံ့မည့်ပစ္စည်းများတွင် ရေသန့်စင်ဆေးပြား၊ စားသောက် ကုန်၊ အလွယ်တကူသယ်ယူနိုင်သော မီးစက်၊ ရေစုပ်စက်စသည်တို့ပါဝင်မည်ဖြစ်ပြီး မကြာမီကာလအတွင်း ရေကြောင်းမှတစ်ဆင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်ပြည်နယ်မြဝတီမြို့၌ တက်တူးဆိုင်များ ပိတ်သိမ်းရန် စည်ပင်ညွှန်ကြားဟုဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း