တရုတ်နိုင်ငံမှာ စုံတွဲများ လက်ထပ်နှုန်းဟာ ၁ဝ စုနှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းနေ
ဂျန်ဇက် (NSS) - ဇွန် ၁၂
တရုတ်နိုင်ငံရှိ စုံတွဲများရဲ့လက်ထပ်နှုန်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း သိသိသာသာကျဆင်းလာခဲ့ပြီး ၁ဝ စုနှစ် အတွင်း အနည်းဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။
လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိနေတဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က လက်ထပ်မှတ်ပုံတင်မှုဟာ ၆ ဒသမ ၈၃ သန်းသာ ရှိခဲ့ကြောင်း၊ အဆိုပါအရေအတွက် ၂ဝ၂၁ ခုနှစ်က လက်ထပ်မှတ်ပုံတင်သူအရေအတွက်ထက် နှိုင်းယှဉ်ရင် ၈ သိန်း ခန့် လျော့နည်းခဲ့ကြောင်း တရုတ်ပြည်သူရေးရာဝန်ကြီးဌာနက ဆိုပါတယ်။
၂ဝ၂၂ ခုနှစ်အတွင်းတရုတ်နိုင်ငံရဲ့လူဦးရေဟာ နှစ်ပေါင်း ၆ဝ အတွင်း ပထမဆုံးအကြိမ် အနည်းဆုံးဖြစ်ခဲ့ပြီး သားသမီးမွေးဖွားနှုန်းများ ကျဆင်းနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့သားသမီးမွေးဖွားနှုန်းဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာ လူ ၁ဝဝဝ မှာ သားသမီးမွေးဖွားနှုန်းက ၆ ဒသမ ၇၇ နှုန်းသာရှိခဲ့ပြီး ၂ဝ၂၁ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ကျဆင်းခဲ့ ကြောင်း သိရပါတယ်။
တရုတ်အစိုးရဟာ နိုင်ငံအတွင်း လက်ထပ်နှုန်းမြင့်တက်လာစေဖို့ ရည်ရွယ်ပြီး မြို့ပေါင်း ၂ဝ မှာ “new-era” marriage ဖန်တီးဖို့ နဲ့ သားသမီးမွေးဖွားနှုန်းမြင့်တက်စေမယ့် အစီအစဉ်အသစ်များဖန်တီးဖို့ စီစဉ်လုပ်ဆောင်နေ ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်များအတွင်း လက်ထပ်နှုန်းနဲ့ သားသမီးမွေးဖွားနှုန်း ကျဆင်းလာ ခြင်းကြောင့် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံအဖြစ်ရပ်တည်နေရာကနေ အဆင့်လျော့နည်းလာခဲ့ပြီး၊ အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နံပါတ်အဆင့် ၁ နေရာကို ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်ရှိ ဝရန်တာ၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု မော်လမြိုင်မြို့၌ဖြစ်ပွား
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း