Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းရောက်မြန်မာများ၏ အခက်အခဲများ ဖြေရှင်းကူညီနိုင်ရေး ကာလတို၊ ကာလရှည် စီမံချက်များဖြင့် ဆောင်ရွက်မည်

ထွန်း အမ်တီ (NP News) - ဇန်နဝါရီ ၆

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဇန်နဝါရီလ ၅ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေမှုနှင့် အသစ်ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ထုတ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအ‌ခြေအနေနှင့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကာလတို၊ ကာလရှည် စီမံချက်များဖြင့် သက်ဆိုင်ရာဝန်ကြီးဌာများအကြား ပိုမိုညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသိန်းညွန့်က ဦးဆောင်၍ ဆွေးနွေးကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာလုပ်သား စုစုပေါင်း (၅)သန်းခန့် ရောက်ရှိနေကြသည်ဟု ခန့်မှန်းရပြီး တရားမဝင် ရောက်ရှိသူ ဦးရေမှာ တရားဝင်ရောက်ရှိသူထက် သုံးဆခန့် ပိုမိုများပြားကြောင်း သိရသည်။

ထို့ပြင် တရားဝင် ပတ်စ်ပို့သက်တမ်းတိုးခြင်းမှာ တစ်နှစ်လျှင် ပျမ်းမျှ ပတ်စ်ပို့အုပ်ရေ (၄)သိန်းခန့်ရှိသည်ဟု ခန့်မှန်းရပြီး သံရုံးအနေဖြင့် တစ်နှစ်လျှင် အများဆုံး (၃) သိန်းအထိသာ တိုးပေးနိုင်ကြောင်းလည်း အချက်အလက်များက ညွှန်းဆိုထား သည်။


zawgyi version

ထိုင္းေရာက္ျမန္မာမ်ား၏ အခက္အခဲမ်ား ေျဖရွင္းကူညီႏိုင္ေရး ကာလတို၊ ကာလရွည္ စီမံခ်က္မ်ားျဖင့္ ေဆာင္႐ြက္မည္

ထြန္း အမ္တီ (NP News) - ဇန္နဝါရီ ၆

ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ား ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားအား ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ ပထမဆုံးအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္း အေဝးကို ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနတြင္ ဇန္နဝါရီလ ၅ ရက္က က်င္းပျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား တရားဝင္ ေနထိုင္အလုပ္လုပ္ကိုင္ႏိုင္ေရး၊ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးေပးေနမႈႏွင့္ အသစ္ထုတ္ေပးႏိုင္ေရး၊ အေထာက္အထားမဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ထုတ္ေပးႏိုင္ေရးႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါအ‌ေျခအေနႏွင့္ အခက္အခဲမ်ားကို ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေရး ကာလတို၊ ကာလရွည္ စီမံခ်က္မ်ားျဖင့္ သက္ဆိုင္ရာဝန္ႀကီးဌာမ်ားအၾကား ပိုမိုညႇိႏႈိင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္ ဦးသိန္းၫြန႔္က ဦးေဆာင္၍ ေဆြးေႏြးက်င္းပခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဦးျမင့္ႀကိဳင္၊ အလုပ္သမားေရးရာဝန္ႀကီး ေဒါက္တာပြင့္ဆန္း၊ ႏိုင္ငံျခားေရး ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအး၊ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးခ်စ္ေဆြႏွင့္ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္တင္ရွိန္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံ၌ ျမန္မာလုပ္သား စုစုေပါင္း (၅)သန္းခန႔္ ေရာက္ရွိေနၾကသည္ဟု ခန႔္မွန္းရၿပီး တရားမဝင္ ေရာက္ရွိသူ ဦးေရမွာ တရားဝင္ေရာက္ရွိသူထက္ သုံးဆခန႔္ ပိုမိုမ်ားျပားေၾကာင္း သိရသည္။

ထို႔ျပင္ တရားဝင္ ပတ္စ္ပို႔သက္တမ္းတိုးျခင္းမွာ တစ္ႏွစ္လွ်င္ ပ်မ္းမွ် ပတ္စ္ပို႔အုပ္ေရ (၄)သိန္းခန႔္ရွိသည္ဟု ခန႔္မွန္းရၿပီး သံ႐ုံးအေနျဖင့္ တစ္ႏွစ္လွ်င္ အမ်ားဆုံး (၃) သိန္းအထိသာ တိုးေပးႏိုင္ေၾကာင္းလည္း အခ်က္အလက္မ်ားက ၫႊန္းဆိုထား သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဥပဒေတက်ရောက်ဆဲ ကျောင်းသားများ လက်တွေ့လုပ်ငန်းခွင်ရစေမည့်အစီအစဉ်ကို ပြည်တွင်းဥပဒေအကြံပေးအဖွဲ့အစည်းတစ်ခုက လုပ်ဆောင်မည်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved