ဥပဒေတက်ရောက်ဆဲ ကျောင်းသားများ လက်တွေ့လုပ်ငန်းခွင်ရစေမည့်အစီအစဉ်ကို ပြည်တွင်းဥပဒေအကြံပေးအဖွဲ့အစည်းတစ်ခုက လုပ်ဆောင်မည်
ထွန်း အမ်တီ (NP News) - ဇန်နဝါရီ ၆
ပြည်တွင်း ဥပဒေ အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် BiZ Law Consult Myanmar က ဥပဒေပညာတက်ရောက်ဆဲ ကျောင်းသားကျောင်းသူများအတွက် ဥပဒေပညာကို လက်တွေ့လုပ်ငန်းခွင်ဝင်ရင်းဖြင့် ဆက်လက်လေ့လာနိုင်မည့် အစီအစဉ်တစ်ခုကို မိတ်ဆက်ထားသည်။
အဆိုပါ အစီအစဉ်ကို Freelance Profession Driver Program ဟု အမည်ပေးထားပြီး Internship Program ပုံစံမျိုးမဟုတ်ဘဲ ကိုယ်တိုင် Revenue Generated လေ့လာဆည်းပူးရေးပုံစံဖြစ်ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဝန်ဆောင်မှုရယူမည့်သူကို ကိုယ်တိုင်ရှာဖွေ၍ ဝန်ဆောင်မှုပေးရမည့် လက်တွေ့လုပ်ငန်းခွင်ဖြစ် ကြောင်း သိရသည်။
စိတ်ပါဝင်စားသူ ဥပဒေ ကျောင်းသားကျောင်းသူများအနေဖြင့် ကုမ္ပဏီဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များနှင့် အိမ်ခြံမြေရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များ စသည့် ဘာသာရပ်များကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း BiZ Law Consult Myanmar က အသိပေးကြေငြာထားသည်။
“အထူးပြုပြီးအသက်မွေးဝမ်းကျောင်းပြုမယ်ဆိုရင် ပညာသင်ယူဆဲကာလမှာ လက် တွေ့လည်း လေ့လာနိုင်မယ်။ ပညာဆည်းပူနေချိန်မှာ တက်ဖက်တစ်လမ်းကဝင်ငွေလည်းရမယ်။ စီးပွားရေးလုပ်ငန်းများရဲ့ ဥပေဒအကြံပေးအဖြစ် အသက်မွေးဖို့ ဆုံး ဖြတ်ရွေးချယ်ထားတယ်ဆိုရင် ဒီ Freelance Profession Driver Program က အကိုက်ညီဆုံးပါပဲ”ဟု BiZ Law Consult Myanmar က ဆိုထားသည်။
BiZ Law Consult Myanmar ကို Corporate Law Firm တစ်ခုအဖြစ် ၂ဝ၁၇ ခန့်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စီးပွားရေး စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များအတွက် အဓိက ဝန်ဆောင်ပေးနေကြောင်း သိရသည်။
Freelance Profession Driver Program ကို စိတ်ပါဝင်စားသူ ဥပဒေ ကျောင်းသားကျောင်းသူများအနေဖြင့် BiZ Law Consult Myanmar ၏ အီးမေးလ် info@bizlawmyanmar.com သို့မဟုတ် 09663663667 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကြေငြာထားသည်ကိုတွေ့ရသည်။
zawgyi version
စိတ်ပါဝင်စားသူ ဥပဒေ ကျောင်းသားကျောင်းသူများအနေဖြင့် ကုမ္ပဏီဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များနှင့် အိမ်ခြံမြေရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များ စသည့် ဘာသာရပ်များကို ရွေးချယ်လျှောက်ထားနိုင်ကြောင်း BiZ Law Consult Myanmar က အသိပေးကြေငြာထားသည်။
BiZ Law Consult Myanmar ကို Corporate Law Firm တစ်ခုအဖြစ် ၂ဝ၁၇ ခန့်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စီးပွားရေး စာချုပ်စာတမ်းဆိုင်ရာ ကိစ္စရပ်များအတွက် အဓိက ဝန်ဆောင်ပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျဉ်းထောင်များတွင် ကပ်ရောဂါများ ကာကွယ်တားဆီးရေးကို ဆောင်ရွက်ရန် လိုအပ်ဟုဆို
RELATED POSTS
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
22 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
21 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ
15 Nov 2024 | ဗဟုသုတ,နိုင်ငံတကာ