အကျဉ်းထောင်များတွင် ကပ်ရောဂါများ ကာကွယ်တားဆီးရေးကို ဆောင်ရွက်ရန် လိုအပ်ဟုဆို
ယွန်း (NP News) - ဇန်နဝါရီ ၆
အကျဉ်းထောင်များတွင် မကူးစက်နိုင်သော ရောဂါများအပါအဝင် ကပ်ရောဂါများ ကာကွယ်တားဆီးရေးကို စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြီးခဲ့သည့် ဇန်နဝါရီလ(၅)ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။
တီဘီရောဂါရှာဖွေကုသရေး လုပ်ငန်းများ၊ ကာလသားရောဂါ တိုက်ဖျက်ရေးလုပ် ငန်းများနှင့် အသည်းရောင်အသားဝါ ဘီ/စီ ရောဂါပိုး ရှာဖွေကုသရေ လုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါရောဂါများအပြင် အကျဉ်းထောင်များ၌ ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တစ်ကိုယ်ရေသန့်ရှင်းမှုများ၊ မကူးစက်နိုင်သောရောဂါများအပါအဝင် ကပ်ရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ရန်လိုကြောင်း ဒေါက်တာ သက်ခိုင်ဝင်းက တိုက် တွန်းပြောဆိုခဲ့သည်။
အလားတူ အကျဉ်းထောင်များတွင် မကူးစက်နိုင်သောရောဂါများ (ဥပမာ-သွေးတိုး၊ ဆီးချို) ကို ကုသနိုင်ရန်အတွက် ဆေးနှင့်ဆေးပစ္စည်းများ မပြတ်အောင် စီစဉ်ထားရှိရန်လိုကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် အကျဉ်းထောင်အတွင်းရှိ တီဘီရောဂါလူနာများကို ပိုမိုကုသနိုင်ရန်အတွက် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် တီဘီလူနာဆောင် ဖွင့်လှစ်နိုင်ခဲ့ပြီး အခြားအကျဉ်း ထောင်များတွင်လည်း TV/HIV ရောဂါရှာဖွေမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
အက်ဥ္းေထာင္မ်ားတြင္ ကပ္ေရာဂါမ်ား ကာကြယ္တားဆီးေရးကို ေဆာင္႐ြက္ရန္ လိုအပ္ဟုဆို
ယြန္း (NP News) - ဇန္နဝါရီ ၆
အက်ဥ္းေထာင္မ်ားတြင္ မကူးစက္ႏိုင္ေသာ ေရာဂါမ်ားအပါအဝင္ ကပ္ေရာဂါမ်ား ကာကြယ္တားဆီးေရးကို စီစဥ္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာဆိုခဲ့သည္။
က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္းက ၿပီးခဲ့သည့္ ဇန္နဝါရီလ(၅)ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ေသာ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံရွိ အက်ဥ္းေထာင္မ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ေရးအတြက္ ျပည္ထဲေရးဝန္ႀကီးဌာန၊ အက်ဥ္းဦးစီးဌာနႏွင့္ ပူးေပါင္း ၍ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထား သည္။
တီဘီေရာဂါရွာေဖြကုသေရး လုပ္ငန္းမ်ား၊ ကာလသားေရာဂါ တိုက္ဖ်က္ေရးလုပ္ ငန္းမ်ားႏွင့္ အသည္းေရာင္အသားဝါ ဘီ/စီ ေရာဂါပိုး ရွာေဖြကုသေရ လုပ္ငန္းမ်ားကိုလည္း စနစ္တက်ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါေရာဂါမ်ားအျပင္ အက်ဥ္းေထာင္မ်ား၌ ကိုယ္ဝန္ေဆာင္ မိခင္ႏွင့္ကေလးက်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား၊ တစ္ကိုယ္ေရသန႔္ရွင္းမႈမ်ား၊ မကူးစက္ႏိုင္ေသာေရာဂါမ်ားအပါအဝင္ ကပ္ေရာဂါမ်ား ကာကြယ္တားဆီးေရးလုပ္ငန္းမ်ားကိုလည္း စီစဥ္ေဆာင္႐ြက္ရန္လိုေၾကာင္း ေဒါက္တာ သက္ခိုင္ဝင္းက တိုက္ တြန္းေျပာဆိုခဲ့သည္။
အလားတူ အက်ဥ္းေထာင္မ်ားတြင္ မကူးစက္ႏိုင္ေသာေရာဂါမ်ား (ဥပမာ-ေသြးတိုး၊ ဆီးခ်ိဳ) ကို ကုသႏိုင္ရန္အတြက္ ေဆးႏွင့္ေဆးပစၥည္းမ်ား မျပတ္ေအာင္ စီစဥ္ထားရွိရန္လိုေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။
ထို႔ျပင္ အက်ဥ္းေထာင္အတြင္းရွိ တီဘီေရာဂါလူနာမ်ားကို ပိုမိုကုသႏိုင္ရန္အတြက္ အင္းစိန္ဗဟိုအက်ဥ္းေထာင္တြင္ တီဘီလူနာေဆာင္ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး အျခားအက်ဥ္း ေထာင္မ်ားတြင္လည္း TV/HIV ေရာဂါရွာေဖြမႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ယွမ်ငွေ(၂)ဘီလျံကျော်ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ