ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ပိုစ့်ပေါင်းသန်းချီကို ဖယ်ရှားခဲ့ကြောင်း Facebook တည်ထောင်သူပြော
ဂျန်ဇက် (NSS) - ဇွန် ၁၁
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ပိုစ့်ပေါင်းသန်းချီကို ဖယ်ရှားခဲ့ကြောင်း Facebook တည်ထောင်သူ ဇူကာဘတ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သိပ္ပံပညာရှင်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း အငြင်းပွားဖွယ်ရာဖြစ်လာနိုင်တဲ့ပိုစ့်တွေကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပြီးနောက် ပိုစ့်ပေါင်းသန်းချီကို ဖယ်ရှားခဲ့တာဖြစ်ကြောင်း ဇူကာဘတ် က ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အငြင်းပွားမှုများဖြစ်လာနိုင်တဲ့ မမှန်ကန်တဲ့သတင်းအချက်အလက်တွေကို ဖယ်ရှားခဲ့ တယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကာလအစောပိုင်းအချိန်တုန်းက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ပိုစ့် တွေကို မှန်ကန်မှုရှိမရှိဆိုတာ စစ်ဆေးဖို့အချိန်မရှိတဲ့အတွက် ပိုစ့်ပေါင်းသန်းချီကိုဖယ်ရှား ရှင်းလင်းခဲ့တယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ဇူကာဘတ်က ၎င်းတို့ရဲ့စည်းကမ်းတွေကို ချိုးဖောက်မှုများကြောင့် ကိုရိုနာဗိုင်းရစ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ content တွေကို views များသိသိသာသာ ကျဆင်းအောင်လုပ်ဆောင်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်ပိုင်း က ပြောဆိုခဲ့ဖူးပါတယ်။ Facebook အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး မမှန်သတင်းအချက်လက်များ ဖြန့်ဖြူး တယ်လို့ ယူဆရတဲ့ပိုစ့်ပေါင်း ၁၈ သန်းကျော်ကို စစ်ဆေးဖယ်ရှားခဲ့ကြောင်း ဇူကာဘတ်က ပြောပါတယ်။
Facebook ဟာ ဆိုးရွားတဲ့သတင်းအချက်လက်များကို ဖြန့်ဖြူးပေးနေပြီး လူအများကို သေဆုံးစေခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြီးခဲ့တဲ့နှစ်မှာ ဝေဖန်ခဲ့ဖူးကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က "ဖေ့စ်ဘုတ်က လူတွေကိုသတ်တယ်လို့ ပြောနေမယ့်အစား၊ သတင်းမှားနဲ့ပတ်သက်ပြီး တစ်ခုခု လုပ်မယ်ဆိုပြီး ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ထားတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ (၇၅) ဦး ပညာသင်ယူနေသော အခြေခံပညာအလယ်တန်းကျောင်းကို PDF အဖွဲ့ မှ မိုင်းခွဲဖျက်ဆီးမှု မြင်းခြံမြို့နယ်၌ဖြစ်ပွား
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ