ကျောင်းသား/သူ (၇၅) ဦး ပညာသင်ယူနေသော အခြေခံပညာအလယ်တန်းကျောင်းကို PDF အဖွဲ့ မှ မိုင်းခွဲဖျက်ဆီးမှု မြင်းခြံမြို့နယ်၌ဖြစ်ပွား
သန့်ဇင် (NSS) - ဇွန် ၁၁
ကျောင်သား၊ ကျောင်းသူ (၇၅)ဦး ပညာသင်ယူနေသော အခြေခံပညာအလယ်တန်းကျောင်းတစ်ကျောင်းကို PDF အဖွဲ့မှ မိုင်းခွဲဖျက်ဆီးမှု မန္တလေးတိုင်း မြင်းခြံမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ ၈ ရက်၊ နံနက် ၇နာရီ ၁၅ မိနစ်အချိန်တွင် မြင်းခြံမြို့နယ်၊ တောင်ရှေ့ကျေး ရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါကျောင်းအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်း (၁)လုံးဖြင့်မိုင်းထောင်ဖောက်ခွဲဖျက် ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့ရမှုကြောင့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထိခိုက်မှုမရှိခဲ့သော်လည်း ကျောင်အုပ်ကြီးရုံးခန်းအတွင်းရှိ စာရေးခုံ (၂)လုံးအပါအဝင် ကျောင်းတွင်းရှိပစ္စည်းအချို့ ပျက်ဆီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ အခင်းဖြစ်ပွားခဲ့သော ကျောင်းအား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့ကျန်ရှိခဲ့သော ဖောက်ခွဲရေးတွင်အသုံးပြုသော ဆိုင်ကယ် Battery တစ်လုံး၊ ဝိုင်ယာကြိုး နှင့်ပိုက် အပိုင်းအစများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက်လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချန်ပီယံလိဂ်ချန်ပီယံဆု အပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံးရယူနိုင်တဲ့အပေါ် ဝမ်းနည်းလွန်းလို့ မျက်ရည် များကျခဲ့တဲ့ မန်စီးတီးကစားသမားဂျက်ဂရီလစ်ချ်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း