ချန်ပီယံလိဂ်ချန်ပီယံဆု အပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံးရယူနိုင်တဲ့အပေါ် ဝမ်းနည်းလွန်းလို့ မျက်ရည် များကျခဲ့တဲ့ မန်စီးတီးကစားသမားဂျက်ဂရီလစ်ချ်
ဂျန်ဇက် (NSS) - ဇွန် ၁၁
မန်စီးတီးအဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဂျက်ဂရီးလစ်ချ်ဟာ အင်တာမီလန်အသင်းကို အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ချန်ပီယံဆု အပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံး ရယူနိုင်ခဲ့တဲ့အပေါ် ဝမ်းသာလွန်းတဲ့အတွက် မျက်ရည်များကျခဲ့ကြောင်း ဗြိတိန်မီဒီယာတွေ က ဖော်ပြထားပါတယ်။
အင်္ဂလန်ကစားသမား ဂျက်ဂရီးလစ်ချ်ဟာ အင်တာဗျူးဖြေဆိုချိန်အတွင်း မန်စီးတီးနဲ့အတူ တစ်ရာသီအတွင်း ချန်ပီယံဖလား သုံးခုရယူနိုင်တဲ့အပေါ် ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ကြောင်းသိရပါတယ်။ မန်စီးတီးအသင်းဟာ အက်ဖ်အေဖလားချန်ပီယံဆု၊ ပရီးမီးယားလိဂ်ဖလားချန်ပီယံဆု ကို ရယူနိုင်ခဲ့ပြီးနောက် အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထပ်မံအနိုင်ရခဲ့ကြောင်း သိရပါတယ်။
ဂျက်ဂရီလစ်ချ်က "ကျွန်တော်ဟာ ဘဝတစ်လျှောက်လုံး ဘောလုံးကစားနေခဲ့တယ်။ ဒီနေ့တော့ ချန်ပီယံလိဂ်ဖလား ရယူပြီးနောက် တစ်ရာသီအတွင်းဖလား သုံးလုံးချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ ကျွန်တော်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ကူညီပေးခဲ့သူတွေကိုပြန်ကြည့်ချိန်မှာ မိသားစုက အဓိကအကျဆုံး၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ခဲ့တယ်" လို့ ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ဂျက်ဂရီလစ်ချ်ဟာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် အဓိကချန်ပီယံဆုများ ရယူနိုင်ခြင်း မရှိခဲ့ဘဲ ၂ဝ၂၁ ခုနှစ်မှာ အက်စတန်ဗီလာ အသင်းကနေမန်စီးတီးအသင်းကို ပြောင်းရွှေ့လာပြီးနောက် နှစ်အနည်းငယ်အကြာမှာ တစ်ရာသီအတွင်းဖလား သုံးလုံးချန်ပီယံဆုရယူနိုင်ခြင်းဖြစ်ပါတယ်။
ဂျက်ဂရီးလစ်ချ်က "ကျွန်တော့်ကို ခေါ်ယူခဲ့ပြီးနောက် နည်းပြ ဂွါဒီယိုလာဟာ ယုံကြည်မှုအပြည့်နဲ့ ကစားခွင့် ပေးခဲ့တယ်။ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ချန်ပီယံဆုရယူနိုင်အောင် ခြေစွမ်းပြဖို့ အကူညီတွေပေးခဲ့တယ်။ နည်းပြဂွါဒီယိုလာဟာ စစ်မှန်တဲ့နည်းပြတစ်ဦးဖြစ်တယ်။ ကျွန်တော်တို့ကို ချန်ပီယံဆုတွေရယူနိုင်အောင် ကူညီပေး ခဲ့ခြင်းအတွက် နည်းပြ ဂွါဒီယိုလာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်အပေါ်လည်း ယုံကြည်မှုအပြည့်ထားပေးခဲ့ တယ်။ ကျွန်တော့်ကို ပြောင်းရွှေ့ကြေးများစွာနဲ့ခေါ်ယူပြီး ခြေစွမ်းပြကစားနိုင်အောင် နည်းပြ ဂွါဒီယိုလာ က အများကြီး ပံ့ပိုးပေးခဲ့တယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် သွားရောက်ဆောင်ရွက်ပေးနေသည့် ဧရာဝတီတိုင်းမှလျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း