ရခိုင်ပြည်နယ်၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် သွားရောက်ဆောင်ရွက်ပေးနေသည့် ဧရာဝတီတိုင်းမှလျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား
Pearl (NSS) - ဇွန် ၁၁
ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရန် သွားရောက်ဆောင်ရွက်ပေးနေသည့်ဧရာဝတီတိုင်းမှလျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၁ဝ ရက်) ၊ ည(၇)နာရီ အချိန်ခန့်တွင် စစ်တွေမြို့ ၊ ကုန်တန်းရပ်ကွက်၊ ဓမ္မသုခကျောင်းတိုက်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်တွေမြို့သို့ လုပ်အားပေးရန်အတွက်ရောက်ရှိနေသူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၊ ကျုံခရိုင်တွင်နေထိုင်သော မောင်သက်နိုင်းထွန်း (၂၅)နှစ်သည် အိမ်တစ်အိမ်မှ အကူအညီတောင်းခံသဖြင့် အဆိုပါ ဓမ္မသုခကျောင်းတိုက်အနီးရှိ Transfer ပုံးအား သွားရောက်စစ်ဆေးပေးရာမှ ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"သူတို့က စစ်တွေကို လုပ်အားပေးလာတာ။ ပုဂ္ဂလိက လျှပ်စစ်ဝန်ထမ်းပေါ့။ မနေ့က မီးမလာလို့ဆိုပြီး အိမ်တစ်အိမ်က အကူအညီတောင်းလို့ Transfer ပုံးသွားစစ်ပေးရင်းဖြစ်တာ"ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် မောင်သက်နိုင်းထွန်းသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လက်ရှိတွင် ၎င်းရုပ်အလောင်းအား စစ်တွေပြည်သူ့ဆေးရုံ ၊ ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံမှာ ဌာနေတိုင်းရင်းသားအသိုက်အဝန်းတစ်ခုက ၎င်းတို့ဧရိယာအတွင်း အင်တာနက်ဖြတ်တောက် ပေးဖို့ အစိုးရကို တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း