အင်ဒိုနီးရှားနိုင်ငံမှာ ဌာနေတိုင်းရင်းသားအသိုက်အဝန်းတစ်ခုက ၎င်းတို့ဧရိယာအတွင်း အင်တာနက်ဖြတ်တောက် ပေးဖို့ အစိုးရကို တောင်းဆို
ရောင်နီ (NSS) - ဇွန် ၁၁
အင်ဒိုနီးရှားနိုင်ငံရှိ ဌာနေတိုင်းရင်းသား အသိုက်အဝန်းတစ်ခုဟာ အွန်လိုင်းအသုံးပြုခြင်းရဲ့ အပျက်သဘောဆောင် တဲ့သက်ရောက်မှုကို လျှော့ချနိုင်ဖို့အတွက် ၎င်းတို့ ဧရိယာအတွင်း အင်တာနက်ဖြတ်တောက်ပေးဖို့ တောင်းဆိုခဲ့ တယ်လို့ တာဝန်ရှိသူတွေက ဇွန် ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂျာဗားကျွန်း၊ ဘန်တန်းပြည်နယ်ရှိ လူဦးရေ ၂၆ဝဝဝ ရှိတဲ့ တိုင်းရင်းသား အသိုက်အဝန်း ဘာဒေး ဟာ ၎င်းတို့ လူမျိုးစုကို နည်းပညာတစ်စိတ်တစ်ပိုင်းသာ လက်ခံကျင့်သုံးတဲ့အုပ်စုအဖြစ် ခွဲခြားပြီး ဆိုရှယ်မီဒီယာမှ ထောင်ချောက်တွေကို ရှောင်ဖယ်တဲ့ လူမျိုးစုအဖြစ် ရှုမြင်ပါတယ်။ ဒါကြောင့် ၎င်းတို့နေထိုင်ရာ အနီးနားရှိ တယ်လီကွန်းတာဝါတိုင်တွေကို လမ်းကြောင်းပြောင်းဖို့နဲ့ ၎င်းတို့နေရာကို အင်တာနက်မှ ရှာဖွေခြင်း မပြုနိုင်အောင် ဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။
"ဒီတောင်းဆိုချက်ဟာ ကျွန်တော်တို့မျိုးနွယ်အပေါ် စမတ်ဖုန်းတွေရဲ့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ လျှော့ချရဖို့အတွက် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်တယ်" လို့ ဘာဒေး ကိုယ်စားလှယ် တွေက ဆိုပါတယ်။
၎င်းတို့ဒေသအနီးမှာ တည်ဆောက်ထားတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေဟာ ၎င်းတို့ရဲ့ ဘဝနေထိုင်မှုနဲ့ လူငယ်တွေရဲ့ ကိုယ်ကျင့်တရားတွေကို ခြိမ်းခြောက်နိုင်တယ်လို့ ၎င်းတို့က ဆိုပါတယ်။ အဆိုပါတောင်းဆိုချက်ကို အင်ဒိုနီးရှား ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကွန်ဆာဗေးတစ် မွတ်ဆလင် အများစု နေထိုင်တဲ့ အင်ဒိုနီးရှားမှာ အင်တာနက် လွတ်လပ်ခွင့်ဟာ အငြင်းပွားဖွယ် ပြဿနာဖြစ်နေပါတယ်။ အစိုးရက လောင်းကစားနဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေကို တားမြစ်ထားပြီး ၎င်းတို့ မသင့်လျော်ဘူးလို့ ယူဆတဲ့အကြောင်းအရာတွေကို စိစစ်ပြီး ပိတ်ပစ်ဖို့ အင်တာနက် ဝန်ဆောင်မှုပေးသူတွေကို တောင်းဆိုထားပါတယ်။ ဘာဒေး လူမျိူးစုအသိုက်အဝန်းဟာ ဟက်တာ ၄ဝဝဝ ကျယ်ဝန်းပြီး အစိုးရက အဆိုပါ ဒေသကို ယဉ်ကျေးမှုထိန်းသိမ်းရေးနေရာအဖြစ် ၁၉၉ဝ ပြည့်နှစ်က ကြေညာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရသော ရခိုင်ပြည်နယ်၌ လျှပ်စစ်မီးအား ယခုလကုန်ခန့်တွင်ရာနှုန်းပြည့် ဖြန့်ဖြူးပေးမည်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း