လျှပ်စစ်မီးပြတ်တောက်ခြင်းများအတွက် ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူဒါဇင်ချီ ဒဏ်ရာရခဲ့ဟုဆို
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်ခြင်းနဲ့ပတ်သက်ပြီး ဇွန်လ ၈ ရက်က ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး အာဏာရပါတီကို ထောက်ခံသူများနဲ့ အတိုက်ခံပါတီ ဘင်္ဂလားဒေရှ့်အမျိုးသားပါတီ(BNP)ကို ထောက်ခံသူများကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လူဒါဇင်ချီ ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
အပူလှိုင်းမြင့်တက်နေချိန်မှာ လျှပ်စစ်မီးပြတ်တောက်ခြင်းနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်အတိုက်ခံပါတီက ဦးဆောင်ဆန္ဒပြခဲ့ပြီး မြို့တော် ဒါကာ အပါအဝင် ဒေသပေါင်း (၁ဝ)ခုမှာ ဆန္ဒပြခဲ့ကြောင်းသိရပါတယ်။ ဆန္ဒပြသူများဟာ လျှပ်စစ်မီတာရုံး ရှေ့မှာထိုင်လျက် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း BNP ပါတီအထွေ ထွေအတွင်းရေးမှူးချုပ်ကပြောပါတယ်။ BNP ပါတီအထွေထွေ အတွင်းရေးမှူး Ruhul Kabir Rizvi က" ရာသီဥတု ပူးလွန်းတဲ့အတွက် လူတွေဟာ နေထိုင်ရခက်ခဲပြီး အားအင်ကုန်ခမ်းသလိုဖြစ်ခဲ့တယ်။ ဒါကြောင့် ပြည်သူတွေဟာ လျှပ်စစ်မီး ပြတ်တောက်ခြင်းနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့တယ်။ ဒါပေမယ့် အာဏာရပါတီကို ထောက်ခံသူများက ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့တယ်"လို့ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ လျှပ်စစ်မီးကို အလှည့်ကျပေးခဲ့ပြီး ရာသီဥတု ပူပြင်းချိန်မှာ ပြည်သူများ အအေးဓါတ်ရစေဖို့ ပန်ကာ၊ အဲယားကွန်းဖွင့်ဖို့ အခက်အခဲဖြစ်ခဲ့ရကြောင်းသိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အပူချိန် စံချိန်တင်မြင့်တက်ခဲ့ပြီး အပူချိန် (၉၉)ဒီဂရီဖာရင်ဟိုက်ကနေ (၁ဝ၆) ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခဲ့ကြောင်းသိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံတဝှမ်းရှိလျှပ်စစ်ဓါတ်အားစက်ရုံ (၁၅၄)ခုနှစ်အနက် (၄၉)ရုံသာ အပြည့်အဝလည်ပတ်နိုင်တဲ့အတွက် လျှပ်စစ်မီးဖြန့်ဖြူးရာမှာအခက်အခဲများဖြစ်ခဲ့ရကြောင်း သိရပါတယ်။
BNP ပါတီဦးဆောင်တဲ့ဆန္ဒပြပွဲများအတွင်း ဆန္ဒပြအုပ်စုများက လျှပ်စစ်မီးဖြန့်ဖြူးရာမှာ ပြတ်တောက်မှုမရှိတဲ့ ထောက်ပံ့ပေးမှုများရလိုကြောင်း၊ လျှပ်စစ်မီး ကဏ္ဍနဲ့ပတ်သက်ပြီး အကျင့်ပျက်လာဘ်စားမှုတွေနဲ့တရားမဝင်လုပ်ရပ်တွေ လုပ်ဆောင်နေခြင်းကို ဆန့်ကျင်ကြောင်း တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြခဲ့ရာမှာ ဦး ဆောင်ပါခဲ့တဲ့ BNP ပါတီဝင်များကို အာဏာရပါတီဝင်များနဲ့အားပေးထောက်ခံသူများက ဝိုင်းဝန်းတိုက် ခိုက်ခဲ့ရာ အနည်းဆုံး လူ(၅ဝ)ကျော် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံဟာ မှားယွင်းတဲ့ စွပ်စွဲချက်များကို လုပ်လေ့လုပ်ထအကျင့်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း တရုတ်အစိုးရဝေဖန်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း