အမေရိကန်နိုင်ငံဟာ မှားယွင်းတဲ့ စွပ်စွဲချက်များကို လုပ်လေ့လုပ်ထအကျင့်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း တရုတ်အစိုးရဝေဖန်
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
အမေရိကန်နိုင်ငံဟာ မှားယွင်းတဲ့ စွပ်စွဲချက်များကို လုပ်လေ့လုပ်ထအကျင့်ရှိတဲ့နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတွေကို စောင့်ကြည့်နိုင်ဖို့ တရုတ်အစိုးရဟာ ကျူးဘားနိုင်ငံမှာ စပိုင်အဆောက်အဦးများတည်ဆောက်ဖို့ စီစဉ်နေကြောင်း Wall Street ဂျာနယ်က မကြာသေးမီက ဖော်ပြခဲ့ပြီး အဲဒီဖော်ပြချက်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝမ်ဘင်းက ပြောပါတယ်။ ကျူးဘားအစိုးရကလည်း အမေရိကန်သတင်းစာရဲ့ဖော်ပြချက်များကို ငြင်းဆန်ထားကြောင်း သိရပါတယ်။
၎င်းက "အမေရိကန်ဟာ အခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရာမှာ ကျွမ်းကျင်တဲ့နိုင်ငံဖြစ်တယ်။ အမေရိကန်ဟာ ကျူးဘားနိုင်ငံ ဂွန်တာနာမို ပင်လယ်အော်ကို နှစ်ပေါင်းများစွာကြာ တရားမဝင် သိမ်းပိုက်ထားတယ်။ ဒါ့ပြင် အမေရိကန်ဟာ ကျူးဘားနိုင်ငံကို နှစ်ပေါင်း (၆ဝ)ကျော်ကြာ ပိတ်ဆို့မှုချမှတ်ခဲ့တယ်" လို့ပြောပါတယ်။
အဆိုပါ အမေရိကန်သတင်းစာက တရုတ်နိုင်ငံဟာ ကျူးဘားနိုင်ငံမှာ စပိုင်စခန်းတည်ဆောက်ဖို့စီစဉ်နေပြီး အပြန်အလှန်အနေနဲ့ကျူးဘားကို အမေရိကန်ဒေါ်လာ ဘီလျံချီပေးဖို့ လျှို့ဝှက်စီစဉ်နေကြောင်း ဖော် ပြထားပါတယ်။ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်သတင်းစာရဲ့ဖော်ပြချက်တွေဟာ မှန်ကန်မှုမရှိကြောင်း၊ တမင်လုပ်ကြံဖန်တီးမှု သက်သက်သာဖြစ်ကြောင်း တုံ့ပြန် ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံအနေနဲ့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးအကြောင်းပြပြီး ကျူးဘားနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှုများကို ရပ်တန့်စေလိုကြောင်း၊ ကျူးဘားနိုင်ငံအပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးစေလိုကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Money Changer လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ(၂)ခု၏ လိုင်စင်များကို သုံးလဆိုင်းငံ့လိုက်ကြောင်း ဗဟိုဘဏ်အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ