တိုင်းရင်းဆေးပညာရပ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ရန် တရုတ်နိုင်ငံဆန္ဒရှိနေ
ယွန်း (NP News) - ဇွန် ၁ဝ
တိုင်းရင်းဆေးပညာရပ်တွင် မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်းပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ရန် တရုတ်နိုင်ငံက အသိပေးပြောဆိုထားသည်။
တိုင်းရင်းဆေးပညာရပ်များအပါအဝင် ကျန်းမာရေးကဏ္ဍကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့သည့် ဇွန်လ(၈)ရက်တွင် နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စရပ်များကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွမ်ရှီးဆေးဝါးကွပ်ကဲရေးအဖွဲ့မှ ဒုတိယကော်မရှင်နာ Mr. Shen Hongrui ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ တရုတ်နိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းအား လာရောက်တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲတွင် ဒုတိယကော်မရှင်နာက တိုင်းရင်းဆေးပညာတွင် နှစ်ဖက်ပူးပေါင်း၍ သုတေသနလုပ် ငန်းများ ဆောင်ရွက်လိုကြောင်းကို အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ တိုင်းရင်းဆေးပညာရပ်တွင် အပြန်အလှန် လေ့လာရေးခရီးများ စီစဉ်ခြင်းနှင့် သင်တန်းများ ပေးခြင်းဖြင့်လည်း ပညာရပ်များဖလှယ်နိုင်၍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲမှသိရသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လာမည့် စက်တင်ဘာလ(၁၃)ရက်မှ (၁၅)ရက်အထိ ဖန်ချန်းကန်မြို့၌ (၇)ကြိမ်မြောက် တရုတ်-အာဆီယံ ဆေးဝါးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကာတာ ပျက်စီးသွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံရှိ လူပေါင်း (၇)သိန်းခန့် ရေသန့်များလိုအပ်နေဟုကုလသမဂ္ဂပြော
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ