ရေကာတာ ပျက်စီးသွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံရှိ လူပေါင်း (၇)သိန်းခန့် ရေသန့်များလိုအပ်နေဟုကုလသမဂ္ဂပြော
ဂျန်ဇက် (NP News) - ဇွန် ၁ဝ
ယူကရိန်းနိုင်ငံရှိ Kakhovka ရေကာတာ ပျက်စီးသွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံရဲ့လက်ရှိအခြေနေက အရင်ထက်ပိုမိုဆိုးရွားလာခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာတင်ဂရစ်ဖစ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရေကာတာ ပျက်စီးသွားခဲ့ပြီးနောက် လူပေါင်း (၇)သိန်းခန့် သောက်ရေသန့်များလိုအပ်နေသလို ယူကရိန်းနိုင်ငံအတွင်းရှိ သီးနှံစိုက်ကွင်းများထဲကို ရေများဝင်ရောက်လာဖွယ်ရှိနေရာ ယူကရိန်းရဲ့သီးနှံထွက်နှုန်းနဲ့ သီးနှံများပြည်ပတင်ပို့ဖို့ ပိုမိုအခက်ခဲများဖြစ်လာနိုင်ကြောင်း၊ ကမ္ဘာတဝှမ်းမှာ စားသောက်ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာဖွယ်ရှိနေပြီး လူသန်းချီ အစားအစာအတွက် လိုအပ်ချက်များရှိလာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
၎င်းက "ယူကရိန်းနိုင်ငံရဲ့လက်ရှိအခြေအနေတွေက ဆိုးရွားတဲ့ပြဿနာတွေ၊ အခက်အခဲတွေဖြစ်လာနေတယ်"လို့ပြောပါတယ်။ ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့များကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် Kakhovka ရေကာတာနဲ့ ဆည်များဟာ ပျက်စီးခဲ့ရပြီး သိုလှောင်ထားတဲ့ရေများအပြင်ကို ထွက်လာခဲ့ပြီး ရေကြီးမှုများဖြစ်ပွားလာခဲ့ကြောင်းသိရပါတယ်။ ရေကာတာနဲ့ ရေလှောင်ကန် ပျက်စီးမှုကြောင့် ထွက်လာတဲ့ ရေလှိုင်းလုံးများကြောင့် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ရေကြီးရေလွှမ်းနေတဲ့နေရာဒေသရှိ လူပေါင်း (၃)သောင်းကျော်ကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးခဲ့ရကြောင်း ကုသလမဂ္ဂတာဝန်ရှိသူကပြောပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံအတွင်းရှိ ၎င်းတို့ထိန်းချုပ်ထားတဲ့နေရာများက ရေကြီးတဲ့ဒေသများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးဖို့ ခွင့်ပြုပေးခြင်းမရှိကြောင်း မာတင်ဂရက်ဖစ်ကပြောပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးက "ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအတွင်းရှိ ရေကြီးလွှမ်းမိုးမှုဒဏ်ခံရတဲ့ ဒေသတွေကိုသွားရောက်ပြီး အကူအ ညီတွေပေးနေတယ်" လို့တုံ့ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံအတွင်းရှိ ရေကြီးမှုဒဏ်ခံရတဲ့ဒေသတွေမှာ နေထိုင်တဲ့ လူတွေကို ကယ် တင်ပေးနိုင်ဖို့ အရေးပေါ် တုံ့ပြန်ကယ်ဆယ်ပေးဖို့လိုအပ်နေပြီး လူပေါင်း(၇)သိန်းခန့် သောက်ရေသန့်များ လိုအပ်နေကြောင်း မာတင်ဂရစ်ဖစ်ကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ကော်ဖီကို ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ယူအေအီးနိုင်ငံများက သွင်းကုန်ခွန်ကင်းလွတ်ခွင့်ပေး
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း