ဒေသအချို့၌ လေပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလအသိပေး
ယွန်း (NP News) - ဇွန် ၁ဝ
အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့၌ လေ ပြင်းတိုက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
မိုးဇလမှ ယနေ့(ဇွန်လ ၁ဝ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း သိရသည်။
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့(ဇွန်လ ၁ဝ ရက်)မှ ဇွန်လ(၁၁)ရက်အတွင်း ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးဇလမှခန့်မှန်းထုတ်ပြန်ထားသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင် တို့တွင်လည်း မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှဆက်လက်ထုတ်ပြန်ထားသည်။
အလားတူ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီး ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းကို မုန်တိုင်းဖြစ်ပေါ် လာနိုင်ခြေရှိ၊ မရှိ စောင့်ကြည့်လျှက်ရှိကြောင်း မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောဆိုထားသည်။
“လက်ရှိအခြေအနေအရ အာကောင်းသော လေဖိအားနည်းရပ်ဝန်းလောက်တော့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းဖြစ်နိုင်၊ မဖြစ်နိုင်ကတော့ ဆက်ပြီးစောင့်ကြည့်ဖို့လိုတာပေါ့။ အဲဒီလေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံ မိုးတွေများများရွာမယ်။ လေဖိအားနည်းရပ်ဝန်းမဖြစ်ခင်ကလည်း မုတ်သုံက အားကောင်းနေတယ်။ အခုကတော့ ပိုပြီးအား ကောင်းလာနိုင်တာပေါ့” ဟု ဦးလှထွန်းက NP News ကို အသိပေးပြောဆိုထားသည်။
မုတ်သုံလေအားကောင်းပြီး မိုးရွာသည်းထန်စွာ ရွာသွန်းမှုများရှိနိုင်သည့်အတွက် နောက်ဆက်တွဲအနေဖြင့် ရေကြီးရေလျှံမှုများကိုလည်း သတိပြု၍ နေထိုင်သင့်ကြောင်း မိုးဇလညွှန်ကြားရေးမှူးမှဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာနှင့် ဆာလင်းကြီးမြို့နယ်အစပ်ရှိ ညောင်ပင်ကြီးရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကြား သေဆုံးမှုများရှိခဲ့
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း