လေဘေးသင့်ဒေသများအတွက် ထိုင်းနိုင်ငံအခြေစိုက် The First Good Man Group ကုမ္ပဏီမှဘတ်ငွေ (၂)သိန်း လှူဒါန်း
စော (NP News) - ဇွန် ၈
လေဘေးသင့်ဒဏ်ခံစားရသော ဒေသများအတွက် ထိုင်းနိုင်ငံအခြေစိုက် The First Good Man Group Company Limited မှ ဘတ်ငွေ(၂)သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း မိုခါမုန်တိုင်းကြောင့် လေဘေးသင့်ဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ထိုင်းနိုင်ငံအခြေစိုက် The First Good Man Group Company Limited မှ ယနေ့(ဇွန်လ ၈ ရက်)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
၎င်းကုမ္ပဏီ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Fuangfoo Cheewinmaharat နှင့် အကြံပေးအရာရှိ Mr. Thanich Numnoi တို့မှ ဘတ်ငွေ(၂)သိန်းအား ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
မုန်တိုင်းဒဏ်အား ရခိုင်ပြည်နယ်ရှိ မြို့နယ်(၁၇)မြို့နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်(၄)မြို့နယ်တို့သည် မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ပူးတွဲစီမံကိန်းများအတွက် ဖုန်းဆက်ဆွေးနွေးမှု ပြုလုပ်
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း